-
သတင်း
ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဗုံးကြဲခံရ၊ နွားကျောင်းသား ၁ ဦး သေဆုံး
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ကို စစ်လေယာဉ် သွားရောက် ဗုံးကြဲရာ ဒေသခံ တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရသွားသည်။ လုပ်ငန်းသုံး နွားသုံးကောင်လည်း ထိခိုက်သေဆုံးသည်။
-
သတင်း
တော်လှန်ရေးရဲဘော် ၂ ဦး အချင်းများစဉ် သေနတ်ချိန်ရာမှ ကျည်မတော်တဆထွက်၊ အနီးရှိ တောင်သာ ပကဖတာဝန်ခံ သေဆုံး
ရုံးစည်ကြီးတိုက်နယ် ပကဖတပ်ဖွဲ့ဝင်နှစ်ဦး၏ လက်နက်များတွင် ကျည်ဘောက် တပ်မထားသော်လည်း သေနတ်ပြောင်းအတွင်း ကျန်နေသော ကျည်တစ်တောင့်က ထွက်သွားပြီး ဇရပ်အုတ်နံရံကို ထိမှန်ကာ ပြန်ကန်၍ မအမရာမောင်၏ ဘယ်ဘက်လက်ပြင်မှတဆင့် နှလုံးကို ထိမှန်ခဲ့သည်ဟု ၎င်း၏ ခင်ပွန်းက ပြောသည်။
-
ရုပ်သံသတင်း
“စတားလင့်ခ် ပိတ်သွားလို့ ဒီအလုပ်တွေ အကုန်ရပ်တန့်မှာ မဟုတ်ဘူး။ တက်မရှိရင် လက်နဲ့လှော်မှာပဲ”
အာဏာသိမ်းစစ်တပ်ရဲ့ အင်တာနက်နဲ့ ဖုန်းလိုင်းဖြတ်တောက်မှုတွေကြောင့် ရခိုင်၊ စစ်ကိုင်း၊ ကရင်နီနဲ့ ကချင်စတဲ့ တော်လှန်ရေးနယ်မြေတွေမှာ စတားလင်ခ်(Starlink) ဂြိုဟ်တုအင်တာနက်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေအတွက်သာမက ဒေသခံပြည်သူတွေအတွက်ပါ အဓိက ဆက်သွယ်ရေးအသက်သွေးကြောတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ သတင်းအချက်အလက်နဲ့ လေကြောင်းရန်သတိပေးစနစ်တွေကိုလည်း Starlink…
-
သတင်း
မန္တလေးမှ ရွေးကောက်ပွဲဆန့်ကျင်သူ ၉ ဦးကို ၂၇ နှစ်မှ ၃၇ နှစ်ထိကြာ ထောင်သွင်းအကျဉ်းချရန် စစ်တပ်ထိန်းချုပ်တရားရုံးဆုံးဖြတ်
စစ်တပ်၏ရွေးကောက်ပွဲကို ကန့်ကွက်ခဲ့သည့် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုထက်မြတ်အောင် အပါအဝင် ကိုးဦးကို ထောင် ၂၇ နှစ်မှ ၃၇ နှစ်အထိ ချုပ်နှောင်ထားမည်ဟု စစ်တပ်ထိန်းချုပ်ထားသည့် မန္တလေးအိုးဘ်ိုထောင်အတွင်း အထူးတရားရုံးက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။
-
ရုပ်သံသတင်း
ဂျပန် ငလျင်ကြီးကြောင့် ၁၃ ဦး သေဆုံးပြီးအများအပြား ပျောက်ဆုံးကာ သေဆုံးသူ ထပ်တိုးနိုင်
ဂျပန်နိုင်ငံ၊ အနောက်တောင်ပိုင်း ကူမာမိုတိုခရိုင်မှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၁၃ ဦးရှိလာပြီး အများအပြား ပျောက်ဆုံးနေတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ The Japan Times သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။



