-
သတင်း
ကိုကျော်ဇင်ဝင်းအမှု တွေ့ရှိချက် တရားဝင်ထုတ်ပြန်ပေးရန် လူ့အခွင့်အရေးကော်မရှင်ကို တောင်းဆို
ယင်းအမှုကို စုံစမ်းစစ်ဆေးပြီးဖြစ်ကာ ထုတ်ပြန်ခြင်းမပြုရန် လူ့အခွင့်အရေးကော်မရှင်က ဆုံးဖြတ်ထားပြီး အမှု၏အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့ထားကြောင်း ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်က ပြောသည်။
-
သတင်း
7 July ချီတက်သည့် ကျောင်းသားများကို ထောင် ၇ ရက် ချမှတ်
တရားစွဲခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုမင်းဟန်ထက်နှင့် ကိုဇင်မင်းဖြိုးတို့သည် အာမခံ မယူခဲ့သဖြင့် အင်းစိန်ထောင်မှ အချုပ်ဖြင့် ၁ လ ကြာ တရားရင်ဆိုင်ပြီးနောက် ထောင်ဒဏ် ၇ ရက် ချမှတ်ခံရခြင်းဖြစ်သည်။
-
သတင်း
မင်းထင်ကိုကိုကြီးကို ပြစ်ဒဏ် ချသင့် မချသင့် နှစ်ဖက်ရှေ့နေ လျှောက်လဲချက်များမှ ကောက်နုတ်ချက်
တပ်မတော်အပေါ် အကြည်ညိုပျက်စေရန် လူမှုကွန်ရက်တွင် ရေးသားခဲ့သည်ဆိုကာ လူ့အခွင့်အရေးရုပ်ရှင်များဖြင့် လူသိများသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်မတော်က တရားစွဲဆိုထားမှုမှာ လေးလခန့်အကြာ ဩဂုတ်လ ၂၉ ရက်တွင် တရားရုံးက အပြီးသတ်အမိန့် ချမှတ်တော့မည်ဖြစ်သည်။
-
သတင်း
ဦးလှဆွေကို ရဲက ရှာမတွေ့သေး
ဦးလှဆွေအနေဖြင့် အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေပါက ဦးဝီရသူအမှုကို တရားရုံးက ဆောင်ရွက်သကဲ့သို့ ရာဇဝတ်ကျင့်ထုံးနှင့်အညီ ဆောင်ရွက်နိုင်ကြောင်း တရားရုံးပြန်ကြားရေးအရာရှိက ပြောသည်။
-
သတင်း
သတ်မှတ်ရက်ရောက်သော်လည်း လာအဖမ်းမခံ၍ ဦးဝီရသူပိုင်ပစ္စည်းများကို ဝရမ်းကပ်မည်
ထွက်ပြေးတိမ်းရှောင်နေသူ ဦးဝီရသူ တရားရုံးသို့ လာရောက်စေရန် ၎င်းပိုင်ဆိုင်သော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ဝရမ်းစွဲကပ်ရန် အမိန့်ထုတ်ခြင်း ဖြစ်ကြောင်း တွဲဖက်ခရိုင်တရားသူကြီးက ဆိုသည်။