-
သတင်း
စစ်တောင်းမြစ်ကမ်းဘေး ရွာနှစ်ရွာကို စစ်တပ်နှင့် ပျူစောထီး ရန်ရှာ
စစ်ကောင်စီ ဘက်တော်သားတစ်ဦး အသတ်ခံရ၊ ပျူစောထီးနေအိမ် မီးရှို့ခံရ၊ ဒရုန်းဖြင့် ဗုံးကြဲခံရပြီးနောက်တွင် ပဲခူးတိုင်း ညောင်လေးပင်နှင့် ရွှေကျင်ရှိ ရွာနှစ်ရွာကို စစ်တပ်က မီးဝင်ရှို့သည်။
-
သတင်း
သထုံတွင် အိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး ကလေးနှစ်ဦး သေဆုံး
အိမ်နီးချင်းများဖြစ်သည့် ၇ နှစ်သမီးနှင့် ၁၃ နှစ်သားတို့ သေသည်၊ အသက် ၅၀ မိခင်နှင့် ၉ နှစ်သမီး ဒဏ်ရာရသည်။ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ရွာကို ပစ်သည်ဟု ဒေသခံက ပြောသည်။
-
သတင်း
မန္တလေး အိုးဘိုထောင်တွင် နိုင်ကျဉ်းအမျိုးသမီးများ ဆိုးရွားစွာ ဖိနှိပ်ခံနေရ
နိုင်ငံရေးအကျဉ်းသူ ၇၀ ကျော်ထဲတွင် စစ်ကောင်စီ၏ နှိပ်စက်မှုကြောင့် ဒဏ်ရာရသူများ ရှိနေသည်၊ ထက်ဝက်ခန့်ကို ထောင်ပြောင်းလိုက်သည်ဟု ကြားသိရကြောင်း မိသားစုဝင်အချို့က ပြောသည်။
-
သတင်း
ဘောလခဲ လက်နက်ကြီးစခန်းတိုက်ပွဲတွင် နှစ်ဖက် အသေအပျောက်များ
ကယားဒေသ လက်နက်ကြီးစခန်းကို ဝင်တိုက်ရာ လက်နက်တချို့ ရလာသည်၊ နှစ်ဖက်ထိခိုက်မှု များပြားစဉ် လေကြောင်းရန်ကြောင့် ပြန်ဆုတ်ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့က ပြောသည်။
-
သတင်း
ကရင်နီဒေသတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူငါးဦးထိ ရှိလာ
တိုက်ပွဲဖြစ်နေသည့် ရှမ်းတောင်ပိုင်းနှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် လေးရက်အတွင်း အသက် ၁၅ နှစ်မှ ၇၀ အရွယ်ရှိ ဒေသခံ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားသုံးဦးတို့ သေဆုံးသည်။



