-
သတင်း
ဝမ်ပေါင်စီမံကိန်းအနီးရှိ ကျေးရွာ နေ့စဉ် ဖျက်ဆီးခံနေရ၊ ၇၀ ရာနှုန်း မီးလောင်ထား
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ ရဲစခန်း အတိုက်ခံရသည့်ရွာကို စစ်တပ်က နေ့စဥ် မီးရှို့နေပြီး ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ဒေသခံ ထောင်နှင့်ချီ နေရပ်စွန့်ခွာ ပြေးနေရသည်။
-
သတင်း
ချင်းနှင့် ယောနယ်စပ်တွင် လေတပ်က ဆယ်ကြိမ်ထက်မနည်း ဗုံးကြဲ
ပခုက္ကူမှ တက်လာသည့် စစ်ယာဉ်တန်းကို ချင်းနှင့် မကွေးတိုင်း ကာကွယ်ရေးတပ်များ တိုက်ခိုက်သည့် နေရာကို စစ်ကောင်စီက လေယာဥ်လွှတ်ပြီး ဗုံးကြဲနေသည်။
-
သတင်း
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ် ခံစစ်အသွင်ပြောင်းလာ
တိုက်ပွဲဖြစ်နှုန်း ထိုးကျလာသည့် KNU နယ်မြေတွင် စစ်ကောင်စီလက်နက်ကိုင်တို့က တပ်စခန်းအပြင်သို့ ထွက်မလာဘဲ ခံစစ်အတွက် ပြင်ဆင်နေကြသည်ဟု စောင့်ကြည့်နေသူများက ပြောသည်။
-
သတင်း
စစ်တပ်က ဖမ်းထားသည့် ဝေါဒေသခံ ၅ ဦး စစ်ကြောရေးတွင် သေဆုံး
ပဲခူးတိုင်းအတွင်း ရဲစခန်းအတိုက်ခံရပြီး ရက် ၅၀ ကျော် အကြာတွင် စစ်ကောင်စီက ထိုအမှုအတွက် စစ်ကြောခံနေရသူ ဒေသခံများထဲမှ ၅ ဦး သေဆုံးကြောင်း မိသားစုများကို အသိပေးလိုက်သည်။
-
သတင်း
ကားလမ်းတွင် စစ်ဆေးနေစဉ် စစ်တပ်နှင့် ဆက်နွှယ်နိုင်သူ ၄ ဦးကို KNU ဖမ်းဆီး
ထောက်ပို့လုပ်ငန်းအတွက် စစ်ကောင်စီသုံးနေသည့် မော်လမြိုင်-ထားဝယ်လမ်းပေါ်မှ မော်တော်ယာဉ်များကို KNU စစ်ဆေးနေပြီး စစ်တပ်နှင့် ဆက်စပ်ဖွယ်ရှိသူတချို့ကို ဖမ်းထားသည်။



