-
ရုပ်သံသတင်း
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ဖို့ စစ်တပ် အပြင်းအထန် ထိုးစစ်ဆင်နေ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်ဖိအားကြောင့် တိုက်ပွဲတွေငြိမ်သက်သွားတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က နယ်မြေတွေကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
-
ရုပ်သံသတင်း
လေကြောင်းအားကိုး စစ်တပ်က လေယာဉ်၊ ရဟတ်ယာဉ် ၅စင်း အင်အားထပ်ဖြည့်
မကြုံစဖူး ခုခံတော်လှန်မှုတွေနဲ့ နိုင်ငံအနှံ့ ရင်ဆိုင်နေရချိန်မှာ လေကြောင်းအားကိုးနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်တပ်ဟာ တရုတ်ထုတ် စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ် ၂စင်းနဲ့ ရုရှားထုတ် အလတ်စား ဘက်စုံသုံးရဟတ်ယာဉ် ၃စင်း၊ စုစုပေါင်း ၅စင်းကို အင်းအားထပ်ဖြည့်လိုက်ပါတယ်။
-
ရုပ်သံသတင်း
နိုဝင်ဘာမကုန်ခင် မိုးကုတ်ကနေ TNLA ထွက်ခွာမယ်၊ စစ်တပ်ပြန်ဝင်လာမှာ မြို့ခံတွေစိုးရိမ်
တရုတ်ဖိအားကြောင့် စစ်တပ်နဲ့ အပစ်ရပ်လိုက်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဟာ သူတို့သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကနေ အခုလမကုန်ခင် ဆုတ်ပေးတော့မယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
-
ရုပ်သံသတင်း
မိုးကုတ်မြို့ကို အစွမ်းကုန် ကာကွယ်မည်ဟု NUG တပ်များပြော
တရုတ်ဖိအားကြောင့် တအာင်းတပ်မတော် TNLA မိုးကုတ်မြို့မှ ပြန်လည်ထွက်ခွာရတော့မည်ဖြစ်ရာ မဟာမိတ်တပ်များက ၎င်းတို့ ဆက်လက် တပ်စွဲမည်ဟု ဆိုသည်။ ဒေသခံတို့က စစ်တပ်ဝင်လာမည်ကို မလိုလားကြပေ။
-
ရုပ်သံသတင်း
ကချင်ရှိ နယ်စပ်ဂိတ်များကို တရုတ်က ပြန်ဖွင့်ပေးသော်လည်း အကန့်အသတ်ဖြင့်သာ ကုန်သွယ်နိုင်
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်အတွင်းရှိ တရုတ် - မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးဂိတ်များအား ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သော်လည်း ကုန်ပစ္စည်းများကို တရုတ်အစိုးရဘက်က အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ပြုသေးကြောင်း သိရသည်။



