အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

လေကြောင်းအားကိုး စစ်တပ်က လေယာဉ်၊ ရဟတ်ယာဉ် ၅စင်း အင်အားထပ်ဖြည့်

မကြုံစဖူး ခုခံတော်လှန်မှုတွေနဲ့ နိုင်ငံအနှံ့ ရင်ဆိုင်နေရချိန်မှာ လေကြောင်းအားကိုးနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်တပ်ဟာ တရုတ်ထုတ် စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ် ၂စင်းနဲ့ ရုရှားထုတ် အလတ်စား ဘက်စုံသုံးရဟတ်ယာဉ် ၃စင်း၊ စုစုပေါင်း ၅စင်းကို အင်းအားထပ်ဖြည့်လိုက်ပါတယ်။ 

နေပြည်တော်မှာ နိုဝင်ဘာလ ၇ရက်နေ့က ပြလုပ်တဲ့ လေယာဉ်၊ ရဟတ်ယာဉ် အသစ်မိတ်ဆက်ပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံထုတ် Y-8 ဟာ သယ်ယူပို့ဆောင်ရေးအမျိုးအစား လေယာဉ်ဖြစ်ပေမယ့် ဗုံးကြဲတိုက်ခိုက်ရေးမှာပါ စစ်တပ်က သုံးစွဲနေတယ်လို့ လေတပ် CDM စစ်သားတွေက ပြောထားပါတယ်။ 

 Y-8 လေယာဉ်တစ်စင်းရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၅သန်းနဲ့အထက်ရှိတယ်လို့ စစ်လက်နက်ပစ္စည်းလေ့လာသူတွေက ခန့်မှန်းကြပါတယ်။ MI-38 ၃စင်းရဲ့ တန်ဖိုးကတော့ ယူရို သန်း ၆၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ပေါက်ကြားလာတဲ့ မှတ်တမ်းတွေအရ MI-38 ၃စင်းမှာ VIP အနေနဲ့ အထူးသုံးစွဲဖို့ပြင်ထားတဲ့ တစ်စင်းက ယူရို ၂၁သန်းနီးပါးနဲ့ ကျန် ၂စင်းကတော့ ယူရို ၁၉သန်းနီးပါးစီ ဖြစ်ပါတယ်။ 

မြတ်ကြီး/ Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles