အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကချင်ရှိ နယ်စပ်ဂိတ်များကို တရုတ်က ပြန်ဖွင့်ပေးသော်လည်း အကန့်အသတ်ဖြင့်သာ ကုန်သွယ်နိုင်

ကချင်လွတ်လပ်ရေးတပ်မတော် ​(KIA) ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်အတွင်းရှိ တရုတ် – မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးဂိတ်များအား ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သော်လည်း ကုန်ပစ္စည်းများကို တရုတ်အစိုးရဘက်က အကန့်အသတ်ဖြင့်သာ  တင်သွင်းခွင့်ပြုသေးကြောင်း သိရသည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ လိုင်ဇာ၊ မိုင်ဂျာယန်၊ ကံပိုင်တီ၊ လွယ်ဂျယ်၊ မံစီမြို့နယ် မန်ဝိန်းကြီး၊ ပန်ဝါ၊ ဖီမော်စသည့် နယ်စပ်ဂိတ်များကို တရုတ်အစိုးရဘက်က ပိတ်ထားခြင်းဖြစ်သည်။ တရုတ်အစိုးရနှင့် KIAအကြား ညှိနှိုင်း ဆွေးနွေးပြီးနောက် အောက်တိုဘာလ ၂၅ ရက်နေ့တွင် တရုတ်အစိုးရက နှစ်နိုင်ငံကုန်သွယ်ရေး

ထွက်ပေါက်များကို  တရုတ်အစိုးရက ပြန်လည်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

ပြည်တွင်းရှိ ပြည်သူများအတွက် အခြေခံစားသုံးကုန်၊ အိမ်ဆောက်ပစ္စည်းများကိုသာ တရုတ်နိုင်ငံကနေ တင်သွင်းနိုင်သေးသည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မောင်ရွှေဝါ၊ မြတ်ကြီး/ Myanmar Now 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles