-
သတင်း
မန္တလေးတိုင်းမှ NUG ၏ တစ်ခုတည်းသော ထိန်းချုပ်မြို့ကို စစ်တပ် အလုံးအရင်းဖြင့် တိုက်ခိုက်
မြစ်အရှေ့ဘက်ကမ်း တကောင်းမြို့ကို တောင်ဘက် တွင်းငယ်ရွာမှတဆင့် အင်အား အလုံးအရင်းဖြင့် ထိုးဖောက်နေပြီး စဉ့်ကူး၊ သပိတ်ကျင်းတို့ဘက်တွင် သံချပ်ကာကား များ၊ စစ်တပ်၊ ပျူအင်အားများ စုပုံထားသည်။
-
သတင်း
မန္တလေးတိုင်း ငါန်းဇွန်တွင် လက်နက်ကြီးကျ၊ ဆယ်ကျော်သက်အမျိုးသမီးငယ် သေဆုံး
တောင်ဘက်ငါးမိုင်အကွာ ရဲစခန်းဘက်မှ ပစ်ခတ်သော လက်နက်ကြီးများ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသမီးငယ်တစ်ဦး နေရာတွင်ပင် သေဆုံးကာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့သည်။
-
သတင်း
မန္တလေးမြို့သို့ ပြည်တော်ဝင်မည့် လမ်းကြောင်းများ စစ်တပ် ပြန်ထိန်းချုပ်
MDY PDF အပါအဝင် တော်လှန်ရေးတပ်များ ပြည်တော်ဝင်မည်ဟု ကြွေးကြော်ခဲ့သော မန္တလေးမြို့ ထိုးဖောက်ရေး ရည်မှန်းချက်၏ လမ်းကြောင်းများအနက် ရှမ်းမြောက်နှင့်မန္တလေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း ထိစပ်နေရာများကို လက်လွှတ်လိုက်ရပြီဖြစ်သည်။
-
သတင်း
ရန်ကုန်တွင် လပေး ထမင်းနှင့်ဟင်း ချိုင့်ဆွဲရောင်းသူကို အကြမ်းဖက်အပါအဝင် ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်
လပေး ထမင်းနှင့်ဟင်း ချိုင့်ဆွဲရောင်းချသူတစ်ဦးကို စစ်တပ်ထောက်ခံသူများက ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ရာ K Pay အဝင်အထွက်များသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရပြီး ထောက်ပို့လုပ်သည်ဟုဆိုကာ ပုဒ်မ နှစ်ခုတပ်၍ အမှုဖွင့်ခံရသည်။
-
သတင်း
နိုင်ကျဉ်းအမျိုးသမီးတစ်ဦး ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲ ပါဝင်မှုဖြင့် အမှုဖွင့်ခံရ
မြင်းခြံထောင်မှ ရက်စေ့၍ လွတ်မြောက်လာသည့် နိုင်ကျဉ်း မပိုးပီတိခိုင်ကို တစ်ရက်အကြာတွင် မန္တလေးမြို့ အောင်ပင်လယ်ရဲစခန်းက ခံဝန်ထိုးရန် လှည့်ဖြားခေါ်ဆောင်ကာ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ဓာတ်ပုံရိုက်ပေးသည်ဟု စွပ်စွဲဖမ်းဆီးကာ အမှုဖွင့်ခံရသည်။



