-
ရုပ်သံသတင်း
ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ နေပြည်တော်တွင် ဆန္ဒပြ
ရွေးကောက်ပွဲရလဒ်နှင့် ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်းနှင့် ကိုဗစ်ထောက်ပံ့ကြေးဖြင့် မဲဝယ်သည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို အားပေးထောက်ခံသူများက နေပြည်တော်တွင် ယနေ့နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ ဆန္ဒပြမှုများအပေါ် ဝမ်းသာကြိုဆိုသော်လည်း အခြေအမြစ်မရှိဘဲ စွပ်စွဲမှုများအပေါ် ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်းနှင့် အထောက်အထားခိုင်ခိုင်လုံလုံဖြင့်တင်ပြပါက ဥပဒေကြောင်းအရ ကုစားနိုင်ကြောင်း နိုဝင်ဘာ…
-
ရုပ်သံသတင်း
ပြည်ခိုင်ဖြိုးနှင့် နှင်းဆီပါတီထောက်ခံသူအချို့ ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြ
ပြီးခဲ့သည့် သုံးရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်နှင့် ကော်မရှင်ကို အယုံအကြည်မရှိဟုဆိုကာ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ပြည်ခိုင်ဖြိုးပါတီနှင့် နှင်းဆီပါတီထောက်ခံသူ ၅၀ဦးခန့်က ယနေ့မွန်းလွဲပိုင်းက ဆန္ဒလာပြကြသည်။ ဆန္ဒပြသူများက တရားမျှတမှုမရှိသော ရွေးကောက်ပွဲကို လုံးဝအယုံအကြည်မရှိကြောင်း၊ အမျိုးဘာသာသာသနာကို ဖျက်ဆီးသည့် အစိုးရအလိုမရှိကြောင်းနှင့်…
-
ရွေးကောက်ပွဲ
ရွေးကောက်ပွဲရလဒ်များ တစ်ပတ်အတွင်း အပြီးကြေညာမည်ဟု ကော်မရှင်ပြော
ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဆိုသော ဝေဖန်ချက်များကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ပြီး အခြေအမြစ်မရှိသောကြောင့် ထည့်သွင်းစဉ်းစားရန် မရှိဟု ဆိုလိုက်သည်
-
ရွေးကောက်ပွဲ
ရွေးကောက်ပွဲရလဒ်အပေါ် စောဒကတက်ရန် ပြည်ခိုင်ဖြိုးနှင့်ပါတီအချို့ ပြင်ဆင်နေ
အစိုးရဖွဲ့ရန် လိုအပ်သည့် ပမာဏကို ကျော်လွန်ရရှိပြီဟု NLD က ထုတ်ဖော်ပြောပြီးချိန်တွင် ရွေးကောက်ပွဲရလဒ်အပေါ် ဥပဒေနှင့်အညီအရေးဆိုရန် ကိစ္စများစွာ ရှိနေသည်ဟု ပြည်ခိုင်ဖြိုးနှင့် ပါတီအချို့က ထုတ်ဖော်ပြောဆိုကြသည်
-
ရုပ်သံသတင်း
ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဟု တပ်ချုပ်ပြော
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လွန်ခဲ့သည့်ရက်ပိုင်းက ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောကြားချက်များကြောင့် ရွေးကောက်ပွဲအပြီး အာဏာသိမ်းနိုင်ခြေများရှိကြောင်း ပူပန်နေမှုများရှိသော်လည်း ၎င်းက ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဖြစ်ဟု ယနေ့နေပြည်တော်တွင် မဲပေးပြီးနောက် ပြောကြားလိုက်သည်။ သတင်းနှင့်ရိုက်ကူး – မင်းမင်း/Myanmar Now [youtube https://youtu.be/zDYEdVzt_RM]