
ရွေးကောက်ပွဲရလဒ်နှင့် ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်းနှင့် ကိုဗစ်ထောက်ပံ့ကြေးဖြင့် မဲဝယ်သည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို အားပေးထောက်ခံသူများက နေပြည်တော်တွင် ယနေ့နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ ဆန္ဒပြမှုများအပေါ် ဝမ်းသာကြိုဆိုသော်လည်း အခြေအမြစ်မရှိဘဲ စွပ်စွဲမှုများအပေါ် ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်းနှင့် အထောက်အထားခိုင်ခိုင်လုံလုံဖြင့်တင်ပြပါက ဥပဒေကြောင်းအရ ကုစားနိုင်ကြောင်း နိုဝင်ဘာ ၁၁ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now
[youtube https://youtu.be/dMpTPDqmv3o]