-
သတင်း
ချင်းတောင်ပိုင်း မင်းတပ်တွင် လေယာဉ်ဗုံးကြောင့် မူကြိုကလေးအပါအဝင် ၈ ဦး သေဆုံး
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မင်းတပ်မြို့နယ်မှ ကျေးရွာတစ်ရွာကို ဗုံးကြဲချခဲ့စဉ် လူနေစိပ်သောနေရာ ကျရောက်ပေါက်ကွဲသဖြင့် မူကြိုတက်နေသည့် ကလေးတစ်ဦး အပါအဝင် ရှစ်ဦး သေဆုံးသည်၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားကြသည်။
-
သတင်း
အပစ်ရပ်ဆွေးနွေးရန် ချင်းပြည်ကောင်စီကို စစ်တပ်ချဉ်းကပ်
အပစ်ရပ်ဆွေးနွေးရန်အတွက် တတိယအုပ်စု (Third Party) မှတဆင့် စစ်တပ်ကချဉ်းကပ်ခဲ့ကြောင်း ချင်းပြည်ကောင်စီ (Chinland Council) ၏ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
-
သတင်း
ပြည်သူ့စစ် သံသယဖြင့် ဖမ်းဆီးစစ်ဆေးစဉ် ရဟန်း ၁ ပါး ပျံလွန်
ရွှေဒါးကျကျေးရွာတွင် ပြည်သူ့စစ်ဖွဲ့စည်းရန် ဦးဆောင်သူများနှင့် ဆက်စပ်သံသယရှိသည့် စွပ်စွဲချက်ဖြင့် ဆရာတော်တစ်ပါး ဖမ်းဆီးစစ်ဆေးခံရစဉ် သေဆုံးမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
-
သတင်း
ဥပုသ်နေ့တွင် တရားရိပ်သာကို စစ်တပ်ဗုံးမိုးရွာ
ပြီးခဲ့သည့်သောကြာနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆွဲလွဲအိုရွာ၊ ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့သည်။
-
သတင်း
မြိုင် ရေနံမှော်အနီး ရောက်နေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်နေ
တော်လှန်ရေးအင်အားစုများ၏ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်လိုသည့် စစ်တပ်က ရေနံမြေကို ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုးလာရာ ရေနံမှော်နှင့် နှစ်မိုင်အကွာ ရောက်ရှိနေသဖြင့် ဒေသအခြေစိုက်အဖွဲ့ များနှင့် တိုက်ပွဲများဖြစ်နေသည်။



