-
သတင်း
ရာသက်ပန် စစ်ကျွန်ပြုရေး စီမံကိန်းဖြင့် မင်းအောင်လှိုင်၏ စစ်ကော်မရှင်သစ်
စစ်ခေါင်းဆောင်က နိုင်ငံ့အာဏာကို စစ်တပ်အင်အားဖြင့် ရာသက်ပန် ချုပ်ကိုင်ထားနိုင်ရန် အစိုးရ အထက်မှာရှိသော စစ်ကော်မရှင် တစ်ရပ်ဖွဲ့စည်းကာ သမ္မတနှင့် ကော်မရှင်ဥက္ကဋ္ဌရာထူးရယူ လိုက်သည် ဟု လေ့လာသူများက သုံးသပ်ကြသည်။
-
သတင်း
AA ၏ ဧရာဝတီတိုင်းထိုးစစ်ကို ရေတပ်ဖြင့် ခုခံရန် စစ်ကောင်စီ ပြင်ဆင်
ရခိုင်ရိုးမမှ ဧရာဝတီတိုင်းသို့ အဓိက ဝင်ပေါက်ဖြစ်သည့် ရေကြည်၊ ငါးသိုင်းချောင်းနှင့် လေးမျက်နှာ မြို့နယ်များကို ကာကွယ်နိုင်ရန် စစ်ကောင်စီက ကြည်းတပ်၊ရေတပ်တို့သုံးကာ စစ်ကူများဖြည့်နေသည်။
-
နိုင်ငံတကာသတင်း
“အဖိနှိပ်ခံနင်းပြားတွေ၊ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး လွတ်မြောက်အောင် လုပ်မယ်”
မြန်မာပြည်လွတ်လပ်ရေး ရပြီးနောက် ပထမဆုံး အစိုးရဖြစ်လာသည့် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) အတွင်း နိုင်ငံရေး သဘောတရားကွဲပြားမှုများကြောင့် ၁၉၄၈ မတ်လတွင် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။
-
သတင်း
ပေါက်မြို့နယ်ကို လေကြောင်းဗုံးကြဲ ၊ ပလဖ ဒုတာဝန်ခံ အပါအဝင် ၅ ဦး သေဆုံး
တိုက်ပွဲများပြင်းထန်နေသည်မှာ တစ်လနီးပါး ရှိနေပြီဖြစ်ပြီး လေတပ်က နေ့စဉ်ဗုံးကြဲနေရာ မြို့နယ် တောင်ပိုင်းတွင် ယနေ့ နံနက်ဗုံးကြဲမှုအတွင်း ခရိုင်ပလဖ ဒုတာဝန်ခံ ၊ ဇနီး အပါအဝင် ၅ ဦး သေဆုံးခဲ့သည်။
-
သတင်း
မကွေးတိုင်း ကမ္မတွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက် ၊ ၁ ဦးသေ ၅ ဦး ဒဏ်ရာရ
ကမ္မမြို့နယ်ကို မေ ၂၇ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်က ကြည်းကြောင်း၊ လေကြောင်းတို့ဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ရာ ဒေသခံ ထိခိုက်သေဆုံးမှုများရှိနေသလို ရွာပေါင်း ၂၀ ခန့်မှ ဒေသခံများ ထွက်ပြေးနေရသည်။



