အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“အဖိနှိပ်ခံနင်းပြားတွေ၊ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး လွတ်မြောက်အောင် လုပ်မယ်”

မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) ကို ၁၉၃၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ပါတီ၏ ပထမဆုံးခေါင်းဆောင်မှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။

 မြန်မာပြည်လွတ်လပ်ရေး ရပြီးနောက် ပထမဆုံး အစိုးရဖြစ်လာသည့် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) အတွင်း နိုင်ငံရေး သဘောတရားကွဲပြားမှုများကြောင့် ၁၉၄၈ မတ်လတွင် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။ 

၁၉၈၉ တွင် ကိုးကန့်နှင့် ဝ တပ်ဖွဲ့များ ပုန်ကန်ခွဲထွက်ခဲ့ပြီးနောက် ဗ က ပ သည် လက်နက်ကိုင်တပ် နှင့် ထိန်းချုပ်နယ်မြေ မရှိတော့သည့်အတွက် ပါတီ ခေါင်းဆောင်များသည် တရုတ်နိုင်ငံတွင် သွားရောက် နေထိုင်ခဲ့ကြသည်။ 

ထို့နောက် ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဗကပ၏ လက်နက်ကိုင်တပ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ပြန်လည်တည်ထောင်ခဲ့သည်။ 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံတွင် မွမ်းမံစစ်သင်တန်းများ တက်ရောက်ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၏ အကူအညီဖြင့် လက်နက်တပ်ဆင်ကာ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေသည်ဟု PLA ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၂၃ အောက်တိုဘာက ရှမ်းပြည်မြောက်ပိုင်းတွင်  စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင်  PLA ပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းကို အမှတ် ၁ စစ်ဒေသ၊ တနင်္သာရီတိုင်းကို အမှတ် ၈ စစ်ဒေသ၊ ကိုးကန့်တွင် အမှတ် ၉ စစ်ဒေသ၊ တအာင်းဒေသတွင် အမှတ်(၂) စစ်ဒေသဟူ၍ ဖွဲ့စည်းထားသည်ဟု ၎င်းက ပြောသည်။ 

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲ၊ PLA တပ်အတွင်းရှိ အမျိုးသမီး ရဲဘော်များ၏ အခန်းကဏ္ဍ နှင့် စစ်ကောင်စီတပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပေါ်သဘောထားများကို PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ဖြေကြားထားသည်။

ကိုချို/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button