-
သတင်း
မြင်းခြံတွင် PDF များ ချုံခိုတိုက်ခံရ၊ ၅ ဦး သေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ဆိုင်ကယ်စီး PDF တပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးသည်၊ ဒဏ်ရာရ လွတ်မြောက်သွားသူများထဲမှ ၁ ဦး စခန်းတွင် သေဆုံးသည်။
-
သတင်း
ရွှေဘို PDF က ပျူစောထီး ၄ ဦးကို ပစ်သတ်ပြီး လက်နက်များ သိမ်းဆည်း
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ထောက်ပို့လမ်းကြောင်းတစ်ခုတွင် ပျူစောထီးများ ကင်းပုန်းဝပ်နေကြစဥ် အင်အားအနည်းဆုံးနေရာကို PDF က ရွေးချယ် တိုက်ခိုက်ခဲ့သည်။
-
သတင်း
ရွှေဘိုတွင် စစ်တပ်ဖမ်းသွားသော ရွာသား ၅ ဦး အသတ်ခံရ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဓားစာခံ ၈ ဦးအနက် ၅ ဦး၏ ရုပ်အလောင်းများကို တွေ့ရကြောင်း ဒေသခံတို့က ပြောသည်။ ၃ ဦး ပြန်လွတ်လာသည်။
-
သတင်း
မြောင်မြို့နယ် နာရေးအစီအစဉ်ကို စစ်တပ် ဝင်ပစ်၊ ရွာသားတစ်ဦး သေဆုံး
စစ်ကိုင်းတိုင်းအတွင်း နာရေးအိမ်တစ်အိမ်တွင် ရှိနေသူများကို ပစ်ခတ်သည့် စစ်တပ်က ရွာတွင် နာရေးရှိမှန်း မသိသဖြင့် ဝင်လာမိသည်ဟု အကြောင်းပြပြီးမှ ရုပ်အလောင်းပြန်ပေးသည်။
-
သတင်း
ABSDF နှင့် ဒေသခံတော်လှန်ရေးအဖွဲ့တို့ ပေါင်း၍ ပုလဲနယ်တွင် တိုက်ပွဲဖော်
နိုင်ငံအလယ်ပိုင်း အချက်အချာကျသည့် မုံရွာ-ဂန့်ဂေါလမ်းပေါ်ရှိ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပျူစောထီပူးပေါင်းအဖွဲ့ ချုံခိုတိုက်ခိုက်ခံရသည်။



