-
သတင်း
ရွှေပန်းကုံးရွာရဲစခန်းတိုက်ပွဲမှ ထွက်ပြေးသည့် ရဲ ၁၆ ဦး အရှင်ဖမ်းမိ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာ ရဲစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသည့် စခန်းမှူးအပါအဝင် ရဲ ၁၆ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က အရှင်ဖမ်းဆီးရမိကြောင်း အမှတ်(၁) စစ်ဒေသက ယနေ့ (နိုဝင်ဘာ ၂၅)တွင် သတင်းထုတ်ပြန်သည်။ ထိုသူများအပြင်…
-
သတင်း
တန့်ဆည်မြို့ပေါ်ကို ရွှေဘိုခရိုင် PDF အဖွဲ့များ ဝင်တိုက်
စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ တန့်ဆည်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကိုင်များ တပ်စွဲထားရာနေရာများကို ယမန်နေ့ (နိုဝင်ဘာ ၂၁) ညပိုင်းတွင် ရွှေဘိုခရိုင် PDF တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ မူးမြစ်အနောက်ဘက်ရှိ တန့်ဆည်မြို့ပေါ် ၌ စစ်သားများတပ်စွဲထားရာ အထကကျောင်း၊ ဆေးရုံနှင့် ဘောလုံးကွင်းတို့ကို…
-
သတင်း
လောက်ကိုင်မြို့တွင် ကားတစ်စီးကို လက်နက်ကြီးထိမှန်ပြီး ၁၀ ဦးသေဆုံး
တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမြို့တော် လောက်ကိုင်တွင် ယနေ့ (နိုဝင်ဘာ ၂၂) နံနက်ပိုင်းက ကားတစ်စီးကို လက်နက်ကြီးထိမှန်ပြီး အရပ်သား ၁၀ ဦး သေဆုံးသွားသည်ဟု သိရသည်။ ကားပေါ် လိုက်ပါလာသူများမှာ လောက်ကိုင်မြို့တွင်းမှ ထွက်ခွာရန် ကြိုးစားနေသည့် အရပ်သားများဖြစ်ကြောင်း၊…
-
သတင်း
ဝက်လက်နယ်မှ ရဲစခန်းကို PDF အဖွဲ့ ဝင်တိုက်၊ ရိုင်ဖယ် ၁၂ လက်ရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရွှေပန်းကုံးရွာ ရဲစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ (နိုဝင်ဘာ ၂၁) ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရိုင်ဖယ်သေနတ် ၁၂ လက် သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။ ဝက်လက်မြို့အနောက်ဘက် ၁၁ မိုင်အကွာရှိ ထိုရဲစခန်းတွင် ရဲအင်အား ၂၀…
-
သတင်း
အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးအဖွဲ့များ ခြိမ်းခြောက်နေ
ရှမ်းပြည်နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်များ ဝိုင်းထားသည့်၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိသည့် လားရှိုးမြို့ပေါ်တွင် ကင်းထောက်ဒရုန်းများ နေ့စဉ် ရောက်လာတတ်ပြီး ညပိုင်းတွင် ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများက ပြောသည်။ ယမန်နေ့ ညနေ ၆ နာရီကလည်း ရမခ ဌာနချုပ်ဘက်မှ လာသည်ဟု ယူဆရသည့်…



