-
ရုပ်သံသတင်း
အောင်သပြေရွာသားများ ရုံးထုတ်တွင် ဝန်းရံသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်
အောင်သပြေဘိလပ်မြေစက်ရုံ မဆောက်လုပ်ရေး ဆန္ဒပြသည့်ကိစ္စနှင့်ပတ်သက်၍ ပုဒ်မ ၉ ခုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော အောင်သပြေရွာသား ဦးရွှေအုန်းနှင့်ရွာသားများအား ယနေ့ရုံးထုတ်လာရာတွင် လာရောက်ဝန်းရံကြသော ဗမာပြည်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(ဗကသ)အဖွဲ့ချုပ်ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။ သတင်းနှင့်ရိုက်ကူး – ခင်နှင်းဝေ/Myanmar Now [youtube https://youtu.be/aDat3QhXAgg]
-
သတင်း
တပ်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ တောင်သူ ၁၀၅ ဦးကို တရားစွဲဆို
တရားမကြီးမှုဖြင့် စွဲဆိုခဲ့သော်လည်း တပ်မတော်ပိုင်ဆိုသော အထောက်အထားမရှိကြောင်းနှင့် တရားစွဲဆိုမှုမှာ ဥပဒေနှင့် မညီညွတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံတောင်သူများက ပြောသည်
-
သတင်း
နေပြည်တော်မှ ဖယ်ရှားခံရသည့် ယတြာအစီအရင် ဆင်းတုများကို မန္တလေး၌ ပြင်ဆင်နေ
ထေရဝါဒဗုဒ္ဓသာသနာနှင့် ကိုက်ညီခြင်းမရှိသော ရုပ်ပွားဆင်းတု ၁၀၉ ဆူကို မဟာမုနိ ဘုရားကြီးအနောက်မုခ် ကျောက်ဆစ်တန်းရှိ ကျောက်ဆစ်ဆိုင်နှစ်ဆိုင်တွင် ပြင်ဆင်ရန် အပ်နှံထား
-
သတင်း
စစ်ဆေးရေးဂိတ် ဆောက်မည့်နေရာကို ကန့်ကွက်သူ သုံးဦး ရာဘာကျည်ဖြင့် ပစ်ခတ်ခံရ
စစ်ဆေးရေးဂိတ် ဆောက်မည့်နေရာမှာ ဒေသခံများ၏ စိုက်ပျိုးရေးမြေနေရာပေါ် ကျရောက်နေသည့်အတွက် ကန့်ကွက်နေကြခြင်းဖြစ်သည်ဟု ဆိုသည်
-
သတင်း
မြို့နယ်NLD ပါတီဥက္ကဋ္ဌက ပါတီဝင်နှစ်ဦးကို ၆၆(ဃ)ဖြင့်အမှုဖွင့်ထားမှု တရားစွဲတင်
အမှုဖွင့်ခံရသူနှစ်ဦးအနက် တစ်ဦးကလည်း အမရပူရမြို့နယ်ပါတီဥက္ကဋ္ဌကို အသရေဖျက်မှုပုဒ်မဖြင့် ပြန်လည်တရားစွဲဆိုထားသည်