-
သတင်း
အလုပ်ပြန်ဝင်သူ CDM ကျောင်းဆရာ ဖမ်းဆီးစစ်ဆေးခံရစဉ် သေဆုံး
ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်ရန် စစ်ကောင်စီက ဖိတ်ခေါ်နေပြီး တချို့ကို လိုက်လံ ဖမ်းဆီးနေရာ ဆက်လက် ထိန်းသိမ်းခံနေရသည့် ဆရာ၊ ဆရာမ ၂၃၄ ဦးထက်မနည်း ရှိနေသည်။
-
သတင်း
ချုံခိုတိုက်ခိုက်မှုတွင် သေနတ် ၃ လက်ရဟု ချောင်းဦး PDF ထုတ်ပြန်
စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ချောင်းဦးကြား တိုက်ခိုက်မှုတွင် စစ်သား ၆ ဦး သေဆုံးကြောင်း၊ ဖမ်းမိသည့် စစ်သား ၂ ဦးလည်း ဒဏ်ရာကြောင့် သေဆုံးကြောင်း ချောင်းဦး PDF က ထုတ်ပြန်သည်။
-
သတင်း
ပေါက်ဒေသတိုက်ပွဲတွင် ရွာမီးရှို့တပ်မှ ဗိုလ်နှင့်တပ်ကြပ် သေဆုံးဟု PDF ပြော
မကွေးတိုင်းအတွင်း ရွာမီးရှို့သည့် စစ်ကောင်စီတပ်ကို လိုက်လံတိုက်ခိုက်ခဲ့ကြောင်း၊ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးတို့၏ ရုပ်အလောင်းများကို တွေ့ရကြောင်း မြိုင် PDF က ပြောသည်။
-
သတင်း
တောင်သာတွင် ရိုင်ဖယ်ဆောင်ထားသည့် အုပ်ကြီး ပစ်သတ်ခံရ
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်းအောင်ကျော်ဆိုသူကို သွားရောက်ရှင်းလင်းစဉ် ပြန်လည်ခုခံသော်လည်း လုပ်ကြံပြီးနောက် M-22 အမျိုးအစား ရိုင်ဖယ်သေနတ်တစ်လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိသည်ဟု ဒေသခံ ပြောက်ကျားအဖွဲ့က ပြောသည်။
-
သတင်း
မြောင်တွင် အင်အားရာဂဏန်းရှိ စစ်ကြောင်းဝင်၊ ရွာသားတစ်ဦး သတ်ဖြတ်ခံရ
မြောင်မြို့တောင်ဘက် ၈ မိုင်ခန့်အကွာရှိ နဘတ်ရွာတွင် စစ်တပ်ပြန်ထွက်သွားပြီးနောက် မီးရှို့ထားသည့် အမျိုးသားရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့သည်။