-
သတင်း
ပုလဲမြို့ပေါ်တွင် ကင်းလှည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
ပုလဲ PDF တပ်ရင်း ၁၀ နှင့် ရေစကြိုပြောက်ကျားအဖွဲ့တို့က ဝင်တိုက်သဖြင့် မြို့ပေါ် ကင်းလှည့်နေသည့် စစ်ကောင်စီဘက်မှ အနည်းဆုံး ၇ ဦး သေဆုံးနိုင်ကြောင်း သိရသည်။
-
သတင်း
ချောင်းဦးတွင် စစ်တပ်က အရပ်သား ၁၀၀ ကျော် ဖမ်းဆီးပြီး ၁ ဦးကို ပစ်သတ်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် ရွာစဉ်လှည့်နေသော စစ်ကောင်စီတပ်က ဖမ်းဆီး၊ သတ်ဖြတ်၊ မီးရှို့မှု ကျူးလွန်နေပြီး PDF ၏ ကင်းထောက်ဒရုန်းတစ်စင်းကို ပစ်ချခဲ့သည်ဟု သိရသည်။
-
သတင်း
နွားထိုးကြီးတွင် သွေးသောက်တံဆိပ်ကပ်ကာ အရပ်သား ၅ ဦး အသတ်ခံရ
သွေးသောက်ဟု တံဆိပ်ကပ်ကာ အရပ်သား ၅ ဦးကို လှီးဖြတ်ဒဏ်ရာအများအပြားဖြင့် သတ်ဖြတ်သွားသူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ ဖြစ်ကြောင်း နွားထိုးကြီး PDF ဘက်က ပြောသည်။
-
သတင်း
မိတ္ထီလာထောင်တွင် လုံလောက်စွာ ဆေးကုခွင့်မရ၍ နိုင်ကျဉ်းတစ်ဦးသေဆုံး
မီးရထား CDM ဝန်ထမ်းမှာ မောပန်း၊ အသက်ရှူမဝဖြစ်နေသဖြင့် ဆေးကုပေးရန် တောင်းဆိုရာ ထောင်အာဏာပိုင်တို့က ငြင်းဆိုပြီး ၂ နာရီဝန်းကျင်အတွင်း အသက်ဆုံးခဲ့ရသည်။
-
သတင်း
ပေါက်မြို့နယ် ပျူစောထီးစစ်သင်တန်း တိုက်ခိုက်ခံရ
ပြည်သူကို ပြည်သူချင်း ပြန်တိုက်စေသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ သင်တန်းတစ်ခု မကွေးတိုင်းအတွင်း တိုက်ခိုက်ခံရစဉ် ၁၇ ဦးသေ၊ ၅၀ ကျော် ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။