အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အလုပ်ပြန်ဝင်သူ CDM ကျောင်းဆရာ ဖမ်းဆီးစစ်ဆေးခံရစဉ် သေဆုံး

စက်တင်ဘာ ၂၃ တွင် အဖမ်းခံရသည့် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ ညောင်ပင်ရပ်ကွက်မှ အသက် ၅၀ ကျော်အရွယ် အလယ်တန်းပြဆရာ ဦးကျော်နိုင်ဝင်းသည် အဖမ်းခံရပြီး ၅ ရက်အကြာတွင် မိတ္ထီလာမြို့ စစ်ကြောရေးစခန်း၌ သေဆုံးသွားသည်ဟု သိရသည်။

ဆရာ ဦးကျော်နိုင်ဝင်းနှင့် ဇနီးဖြစ်သူတို့မှာ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြကြောင်း၊ ဇူလိုင်လအတွင်း ၎င်းတို့နှစ်ဦးကို ဝမ်းတွင်းရဲတပ်ဖွဲ့က တစ်ညတာ ဖမ်းဆီးချုပ်နှောင် ဖိအာပေးသဖြင့် လုပ်ငန်းခွင် ပြန်ဝင်စဉ် ထပ်မံဖမ်းဆီးခံရကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ဝမ်းတွင်းမြို့ခံတစ်ဦးက ပြောသည်။

“ဆရာကြီးတော့ စစ်ကြောရေးမှာ ဆုံးသွားပြီ၊ အရိုးပြာတွေ ဘာမှမရဘူး၊ နောက်ထပ် ဘာမှလည်း မေးပိုင်ခွင့်မရှိဘူး၊ ဆရာကြီး (ဦးကျော်နိုင်ဝင်း) က ကျန်းမာရေးကောင်းတဲ့သူပါ” ဟု အဆိုပါ မြို့ခံက ပြောသည်။

အဖမ်းခံရခြင်းမှာ မှားယွင်းတိုင်ကြားသူရှိသောကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြောင်းလည်း ၎င်းက ဆက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“နဂိုကတည်းက ဖွင့်ထားတဲ့ ဘော်ဒါဆောင်လေးကလည်း အောင်မြင်တော့ မကျေနပ်ကြလို့ တိုင်တာလို့ ယူဆရတယ်၊ ဘော်ဒါက အာဏာသိမ်းပြီးတော့ မသင်တော့ဘူး” ဟု သူက ပြောသည်။

ကျောင်းဆရာ စစ်ကြောရေးတွင် သေဆုံးသည်ဆိုသော ဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက ထုံးစံအတိုင်း သတင်းအမှောင်ချထားသည်။

ဆရာဦးကျော်နိုင်ဝင်းမှာ အာဏာမသိမ်းခင်က ဝမ်းတွင်းမြို့ အခြေခံပညာအလယ်တန်းကျောင်း အမှတ် (၅) တွင် လုပ်ကိုင်င်ခဲ့သူဖြစ်ပြီး ဖိအာဏာပေးခံရမှုကြောင့် အလုပ်ပြန်ဝင်ရချိန်တွင် ဝမ်းတွင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ခဲ့သည်။

ဇနီးဖြစ်သူ ဒေါ်မိမိလေးမှာ နှလုံးရောဂါအခံရှိသဖြစ် လက်ရှိတွင် ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။

ဆရာဦးကျော်နိုင်ဝင်းတို့ ဇနီးမောင်နှံတို့မှာ CDM ပြုလုပ်ခဲ့ကြကာ စစ်ကောင်စီက ဖွင့်လှစ်သည့် ကျောင်းများတွင် ကျောင်းမတက်ရန် လှုံ့ဆော်ခဲ့ခြင်းကြောင့် ပြင်းပြင်းထန်ထန်အရေးယူပေးရန် ဇူလိုင် ၃၁ တွင် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနထံ တိုင်ကြားခဲ့သူများရှိသည်ဟုလည်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်ချက်ကြောင့်  သေဆုံးခဲ့ရသူ အရပ်သားအရေအတွက် ၂,၃၂၆ ဦးထက်မနည်း ရှိနေသည်ဟု ဖမ်းဆီးမှုများကို လေ့လာနေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စက်တင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံအနှံ့တွင် ဆက်လက်ဖမ်းဆီးခံနေရသူ  ၁၂,၅၄၃ ထက်မနည်း ရှိနေသည်၊ ထိုအထဲတွင် ပညာရေးနယ်ပယ်မှ ၉၈၀ ပါဝင်ပြီး ကျောင်းဆရာ၊ ဆရာမ ၂၃၄ ဦး ပါဝင်သည်ကို AAPP စာရင်းများတွင် တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles