အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချုံခိုတိုက်ခိုက်မှုတွင် သေနတ် ၃ လက်ရဟု ချောင်းဦး PDF ထုတ်ပြန်

စစ်ကိုင်းတိုင်းမြို့တော် မုံရွာနှင့် ချောင်းဦးမြို့အကြား စစ်ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်စဉ် သေနတ်သုံးလက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိပြီး စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၂၅ ) နံနက် ၁၁ နာရီဝန်းကျင်က ချောင်းဦးမြို့မြောက်ဘက် တစ်မိုင်ကျော်အကွာ အောင်ချမ်းသာရွာနှင့် ခင်မွန်ရွာကြားတွင် ၁၀ ဦးခန့်လိုက်ပါ လာသည့် ထိုကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ပြီးနောက် ၁၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားသည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်စဉ်နှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်သား ၆ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရ စစ်သားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာစဉ် တစ်ဦးမှာ လမ်းခရီးတွင် သေဆုံးကာ ကျန်တစ်ဦးမှာ ဆေးကုပေးနေစဉ် သေသွားကြောင်း ချောင်းဦး PDF ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။​

လက်လုပ်မိုင်းဖြင့် စတင်တိုက်ခိုက်စဉ် စစ်ကားတစ်စီး ပျက်စီးသွားကြောင်း ချောင်းဦး PDF တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။​

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မိုင်းဆွဲတော့ ကားက ဆီတွေမှတ်တယ်၊ ယိုကျနေတာ အတန်းလိုက်ကြီး။ ဒီကောင်တွေက လည်တယ်။ သေနတ် မဖောက်ဘူး။ ပြီးတော့မှ … တွေမှန်း သိတာ။ အဲဒီကျမှ တက်ဆွဲတော့ ၄ ကောင်ထပ်ရတာ” ဟု PDF တာဝန်ရှိသူက ပြောသည်။ 

ထိုတိုက်ခိုက်မှုအတွင်း ချောင်းဦး PDF အဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသပေးနေသည်ဟု သိရသည်။​

မုံရွာ – ချောင်းဦးလမ်းမပေါ်၌ အပြန်အလှန်ပစ်ခတ်ကြစဉ် ခင်မွန်ရွာရှိ မွေးမြူရေးခြံမှ စစ်ကူရောက်လာသည့် စစ်သားလေးဦးအနက် နှစ်ဦးသေဆုံးကာ ကျန်နှစ်ဦး ထွက်ပြေးသွားသည်ဟုလည်း PDF တာဝန်ရှိသူက ပြောသည်။​

“ကားခေါင်းထဲက သေနတ်တွေ ဆွဲထုတ်တာမြင်တော့ ကျွန်တော်တို့ အကုန်ပစ်ကြတာ။ ကားနှစ်စီးမှာ နောက်ကကားက အူဇီတွေနဲ့ တအားပစ်တာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များထံမှ BA- 72 အမျိုးစား သေနတ်တစ်လက်၊ MA 3 အမျိုးအစား သေနတ်တစ်လက်၊ BA 94  အမျိုးအစားသေနတ်တစ်လက်နှင့် ကျည်ဆန်များ အပါအဝင် ဓားမြှောင်၊ စကားပြောစက်နှင့် ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်သားများကို နှစ်နေရာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း ချောင်းဦး PDF တာဝန်ရှိသူက ပြောသည်။

ချောင်းဦးမြို့ပေါ်ရှိ ဘောလုံးကွင်းတွင် တပ်စွဲထားသည့် စစ်တပ်က ကားလမ်းမကို အသုံးပြုခြင်း မရှိဘဲ လယ်ကွင်းများအတိုင်း ခြေလျင်တက်လာသည်ဟု ဆိုသည်။

စစ်သားအရေအတွက် အင်အား ၄၀ ခန့်ပါရှိပြီး မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု ရှိမရှိ မသိရပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles