-
ရွေးကောက်ပွဲ
စစ်တပ်အာဏာသိမ်းဝါဒဖြန့် ‘အဖေနှင့်သားများ’ ရုပ်ရှင် တပ်မတော်က ထုတ်လွှင့်မည်
လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်ကျော်က ရိုက်ကူးခဲ့ပြီး ရုပ်ရှင်မင်းသားကြီးညွန့်ဝင်း ဦးဆောင်ပါဝင်သည့် ‘အဖေနှင့်သားများ’ ရုပ်မြင်သံကြားဇာတ်လမ်းကို ရွေးကောက်ပွဲမကျင်းပမီ နိုဝင်ဘာ ၆ နှင့် ၇ တွင် တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားမှတဆင့် ထုတ်လွှင့်ပြသမည်ဖြစ်သည်
-
ရွေးကောက်ပွဲ
ဝိုင်းမော်တွင် ခွင့်ပြုချက်မရှိဘဲ မဲပုံးဖွင့်သည့် NLD မဲရုံကိုယ်စားလှယ်ကို အမှုဖွင့်
မဲပုံးအတွင်းရှိ ကြိုတင်မဲများကို ပယ်မဲအဖြစ်သတ်မှတ်ရန် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက အဆိုပြုခဲ့သော်လည်း ကျန်ပါတီများက ကန့်ကွက်ခဲ့ပြီး ညှိနှိုင်းမရသည့်အတွက် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြောသည်
-
ဆောင်းပါး
ရွေးကောက်ပွဲအလွန် ကချင်နိုင်ငံရေးအပြောင်းအလဲ
၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲသည် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် ခက်ခက်ခဲခဲရုန်းကန်ရမည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဒေသခံကချင်ခေါင်းဆောင်များကမူ ဒီမိုကရေစီပါတီများ ပိုမိုအားကောင်း၍ စစ်အာဏာရှင်အရိပ် ချုပ်ငြိမ်းသွားရန် လိုလားနေကြသည်
-
ရွေးကောက်ပွဲ
သတ္တုရှာဖွေရေးစီမံကိန်း ရပ်တန့်ပေးနိုင်သူကိုသာ မဲပေးမည်ဟု ခေါင်လန်ဖူးဒေသခံများပြော
Fortuna Metals ကုမ္ပဏီ၏ သတ္တုရှာဖွေရေးလုပ်ငန်းများ အလုံးစုံ ရပ်တန့်ပေးရေး ဆောင်ရွက်ပေးရန် ခေါင်လန်ဖူးဒေသအတွင်း မဲဆွယ်စည်းရုံးရေးသွားသည့် NLD နှင့် KSPP ကိုယ်စားလှယ်လောင်းများကို ဒေသခံများက တောင်းဆိုနေသည်
-
ရွေးကောက်ပွဲ
ရွေးကောက်ပွဲမကျင်းပနိုင်သော ကချင်ကျေးရွာအုပ်စုများတွင် ရွာပျက် ၈၀ ကျော်ပါဝင်
ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သော ကျေးရွာအုပ်စု ၂၀၀ နီးပါးတွင် လုံးဝလူနေထိုင်ခြင်းမရှိတော့သည့် ကျေးရွာအုပ်စုများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများစိုးမိုးထားသည့် ကျေးရွာအုပ်စု ၁၀၀ ကျော် ပါဝင်နေပြီး ရွေးကောက်ပွဲမကျင်းပနိုင်သော ကျေးရွာအုပ်စုများရှိသော်လည်း လွှတ်တော်သုံးရပ်လုံးတွင် မဲဆန္ဒနယ်လစ်လပ်ခြင်း မရှိပေ