-
ရွေးကောက်ပွဲ
ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ အများဆုံးအနိုင်ရ
ရခိုင်အမျိုးသားပါတီသည် ပြည်ထောင်စုလွှတ်တော် ၁၃ နေရာအနက် ၈ နေရာ အနိုင်ရခဲ့ပြီး ကျန် ၅ နေရာကို အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃ နေရာ၊ ပြည်ခိုင်ဖြိုးနှင့် ရခိုင့်ဦးဆောင်ပါတီတို့က ၁ နေရာစီ ရရှိခဲ့သည်
-
သတင်း
ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူနယ်တွင် ဒေသခံ ၆၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်
ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းရွာသား ၆၀ ခန့်ကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေသောကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ စိုးရိမ်ထိတ်လန့်ကာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေခြင်း ဖြစ်သည်
-
သတင်း
ကျောက်တော်တွင် မိုင်းနင်းမိပြီး အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရ
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး( REC) ၏ အချက်အလက်များအရ ရခိုင်ပြည်နယ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၆၉ ဦး ရှိခဲ့ပြီး အရပ်သားသေဆုံးသူ ၃၂ ဦး အထိ ရှိလာသည်
-
သတင်း
ကျောက်ဖြူတွင် ရွာသား ၆၀ ခန့်ကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေ
တပ်မတော်အရာရှိနှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟူသော သတင်းများပျံ့နှံ့ပြီးနောက် တပ်မတော်စစ်ကြောင်းက ရွာအတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်
-
သတင်း
ရသေ့တောင်တွင် စက်လှေတစ်စီး ပစ်ခတ်ခံရပြီး တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
အဆိုပါ စက်လှေသည် ICRC ၏ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသော စက်လှေဖြစ်သည်ဆိုသော ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ AA အကြမ်းဖက်အဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော စက်လှေဖြစ်သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားပြီး ICRC ကလည်း ၎င်းတို့ဝန်ထမ်းမပါဝင်သော်လည်း ယခုဖြစ်စဉ်အပေါ် လွန်စွာဝမ်းနည်းမိကြောင်း…