-
သတင်း
လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံရအပြီး နာရီပိုင်းအတွင်း ရဲအချုပ်တွင် သေဆုံး
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်နယ်မြေရဲစခန်းတွင် ဖမ်းဆီးခံရပြီး ငါးနာရီအကြာတွင် ဒဏ်ရာများဖြင့် အချုပ်သားသေဆုံးခဲ့မှုကို မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့က စုံခုံဖွဲ့စစ်ဆေးလျက်ရှိသည်
-
သတင်း
ရန်ကုန်တိုင်းလွှတ်တော်တွင် အပြီးသတ်အစည်းအဝေး မခေါ်ခဲ့ခြင်းကို အမတ်များဝေဖန်
တိုင်းဒေသကြီးလွှတ်တော်တွင် မေးခွန်း ၁၀၀၀ ကျော် ကျန်ရှိနေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငါးနှစ်တာ ပြည်သူ့ဘဏ္ဍာသုံးစွဲမှုများနှင့် ပတ်သက်၍ အများပြည်သူ သိရှိခွင့်မရတော့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ပြောသည်
-
သတင်း
YRTA အဖွဲ့ အရာရှိ၏ ကုမ္ပဏီက အဖွဲ့ပိုင်ငွေ ကျပ်ဘီလျံချီ ရနေ
ရန်ကုန်တိုင်းအစိုးရကွပ်ကဲသည့် YRTA အဖွဲ့ပိုင်ငွေ သုံးစွဲမှု၊ လုပ်ငန်းလုပ်ပိုင်ခွင့်ချပေးမှုသည် အငြင်းပွားဖွယ်ဖြစ်နေသော်လည်း အဂတိတိုက်ဖျက်ရေးကော်မရှင် ကိုင်တွယ်ခွင့်မရသည့်အမှု ဖြစ်နေသည်
-
သတင်း
ကျူးကျော် ပြည်ခိုင်ဖြိုးပါတီရုံးကို ကျပ် ၄၃၆ သိန်းပေး၍ အစိုးရဝယ်ယူ
လူဦးရေ ၃၀၀၀ ခန့်သာရှိသည့် ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းစဉ် ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ခဲ့သည့်နည်းတူ နိုင်ငံပိုင်မြေပေါ်တွင် ဦးသိန်းစိန်အစိုးရလက်ထက်က ဆောက်လုပ်ခဲ့သည့် ပါတီရုံးအဆောက်အအုံကို လက်ရှိအစိုးရလက်ထက်တွင် အကြိမ်ကြိမ်ဖယ်ရှားခိုင်းခဲ့သော်လည်း နောက်ဆုံးတွင် နိုင်ငံပိုင်အဖြစ် ပြန်လည်ဝယ်ယူခဲ့ရခြင်းဖြစ်သည်
-
သတင်း
အစိုးရညွှန်ကြားချက်မရဘဲ အခွန်မဆောင်နိုင်ဟု YRTA ပြော
ပြီးခဲ့သည့် ၄ နှစ်အတွက် ဝင်ငွေခွန် ဘီလျံနှင့်ချီ ဆောင်ရေးမှာ နေပြည်တော်၏ ညွှန်ကြားချက်ရမှဖြစ်မည်ဟု ရန်ကုန်သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပြောသည်