-
သတင်း
အခြေခံပညာကျောင်းများ ဇူလိုင်လတွင် ပြန်ဖွင့်မည်၊ ကျောင်းသားများ နေရာချဲထိုင်ရမည်
ကန့်သတ်စောင့်ကြည့်နေရာအဖြစ် အသုံးပြုနေသည့်အခြေခံပညာကျောင်းများကို ပိုးသတ်ဆေးဖျန်း၍ ဇွန် ၁၅ နောက်ဆုံးထားကာ ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးရန် ညွှန်ကြားထားသည်
-
ရုပ်သံသတင်း
နေပြည်တော်ဈေးများတွင် နှာခေါင်းစည်းမတပ်လျှင် အရေးယူတော့မည်
လက်ရှိတွင် အသိပညာပေးမှုများ လုပ်ဆောင်နေပြီး လိုက်နာမှုမရှိပါက ဒဏ်ငွေအပြင် ဈေးသည်ဆိုပါက ရက်အကန့်အသတ်ဖြင့် ဈေးရောင်းခွင့်ပိတ်သည်အထိ အရေးယူမည်ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အဖွဲ့ဝင် ဦးမင်းသူက ပြောသည်။ သတင်းနှင့်ရိုက်ကူး − မင်းမင်း/Myanmar Now [youtube https://youtu.be/GgYc0SGtjAc]
-
သတင်း
ပြည်ထောင်စုအဆင့် လွှတ်တော်အမတ်များကို ကိုရိုနာဗိုင်းရပ်ပိုးရှိမရှိ စစ်ဆေးမည်
အစည်းအဝေးများ တက်ရောက်ရာတွင်လည်း ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှုမှကာကွယ်နိုင်ရန် လွှတ်တော်အမတ်များမှာ တစ်ခုံခြားစီ ထိုင်ကြရမည်ဖြစ်ပြီး ယင်းအတွက်လည်း နေရာစီစဉ်ထားပြီးဟု ဆိုသည်
-
ပညာရေး
ဇွန်လတွင် အခြေခံပညာကျောင်းများ ပြန်မဖွင့်နိုင်ပါက ပုံစံနှစ်မျိုးဖြင့်သင်ကြားရန်စီစဉ်
ရှေ့ပြေးစီမံချက်အဖြစ် ဒေသအချို့တွင် အွန်လိုင်းစနစ်ဖြင့် စမ်းသပ်သင်ကြားမည်ဖြစ်သော်လည်း တစ်နိုင်ငံလုံးလွှမ်းခြုံပြီး ယင်းစနစ်ကျင့်သုံးရန်မှာ မဖြစ်နိုင်ဟု အခြေခံပညာဦးစီးဌာနတာဝန်ရှိသူကဆိုသည်
-
ရုပ်သံသတင်း
အမှုအယူခံ/ပြင်ဆင်ချက်တက်ရန် မဖြစ်မနေလာရသည့် ရှေ့နေအချို့ နေပြည်တော်ဝင်ခွင့်မရ
အမှုအယူခံ၊ ပြင်ဆင်ချက်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတွင် သတ်မှတ်ရက်အတွင်း တင်သွင်းကြရခြင်းဖြစ်သဖြင့် နေပြည်တော်သို့ ဝင်ခွင့်မရသည့် ရှေ့နေများကို ဒေသခံရှေ့နေများက ကူညီပေးမည်ဖြစ်သည်။ သတင်းနှင့်ရိုက်ကူး − မင်းမင်း/Myanmar Now [youtube https://youtu.be/3YWkofNf-Pc]