-
သတင်း
ကိုးနှစ်တာအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၉၀၀ ခန့်ရှိ
၂၀၁၉ ခုနှစ် တစ်နှစ်တည်း၌ပင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရသူ ၂၆၉ ဦးရှိခဲ့ပြီး ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် အရေအတွက်အများဆုံးဖြစ်သည်ဟု မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍ နိုဘယ်ဆုရရှိထားသည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Landmine…
-
သတင်း
စစ်ကြောင့် ရခိုင်မှနေရပ်စွန့်ခွာလာသူ ဒုက္ခသည်များ မှော်ဘီတွင် အခြေချနေထိုင်မည်
တပ်မတော်နှင့် AA ကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းမှ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်းလာသော ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည် ၉၀ ကျော်မှာ မှော်ဘီမြို့နယ်တွင် ၁၀ လကျော် ယာယီနေထိုင်ပြီးနောက် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် အခြေချနေထိုင်ရန် ကြိုးပမ်းလျက်ရှိသည်
-
ရုပ်သံသတင်း
နေရပ်မပြန်လိုတော့သည့် ချင်းနှင့်ရခိုင်စစ်ဘေးရှောင်များ မှော်ဘီတွင်အခြေချ
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများဖြစ်ခဲ့ကြပြီးတဲ့နောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ဒေသခံတစ်ထောင်ကျော် ရန်ကုန်မြို့သို့ ထွက်ပြေးလာကြပြီး မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် ပဲခူးတိုင်း အင်းတကော်မြို့နယ်များတွင် စစ်ရှောင်စခန်းများတည်ဆောက်ကာ ခိုလှုံနေခဲ့ကြသည်။ မိုးရာသီမကုန်မီ ထိုနေရာမှဖယ်ပြီး နေရပ်ပြန်ကြရန်…
-
သတင်း
ကချင်စစ်ရှောင် ၅၀၀၀ နီးပါး လာမည့်မတ်လမှစ၍ နေရပ်ပြန်နိုင်မည်
ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေသူ ၄,၀၀၀ ခန့်နှင့် ပူတာအိုရှိ စစ်ရှောင် ၈၀၀ ခန့်တို့သည် မိုင်းရှင်းလင်းရေး ဆောင်ရွက်ပြီးစီးသွားသည့် ၎င်းတို့၏ မူလနေရပ်ကျေးရွာများသို့ လာမည့် ၂၀၂၁ ခုနှစ်အတွင်း ပြန်နိုင်ရန်စီစဉ်ထားသည်ဟု ကချင်လူသားချင်းစာနာမှုကော်မတီတာဝန်ရှိသူက ပြောသည်
-
သတင်း
နမ္မတူတိုက်ပွဲတွင် အရပ်သား ၄ ဦး ဒဏ်ရာရရှိမှုအပေါ် RCSS နှင့် TNLA အပြန်အလှန်ငြင်းဆို
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ အသက် ၅၀ ဝန်းကျင် အမျိုးသမီးနှစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ရာ နမ္မတူဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်