ရုပ်သံသတင်း

နေရပ်မပြန်လိုတော့သည့် ချင်းနှင့်ရခိုင်စစ်ဘေးရှောင်များ မှော်ဘီတွင်အခြေချ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများဖြစ်ခဲ့ကြပြီးတဲ့နောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ဒေသခံတစ်ထောင်ကျော် ရန်ကုန်မြို့သို့ ထွက်ပြေးလာကြပြီး မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် ပဲခူးတိုင်း အင်းတကော်မြို့နယ်များတွင် စစ်ရှောင်စခန်းများတည်ဆောက်ကာ ခိုလှုံနေခဲ့ကြသည်။ မိုးရာသီမကုန်မီ ထိုနေရာမှဖယ်ပြီး နေရပ်ပြန်ကြရန် မှော်ဘီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ အကြောင်းကြားလာသဖြင့် စစ်ဘေးရှောင်များထဲမှ အချို့သည် မိသားစုနောင်ရေးအတွက် ၎င်းတို့ဒေသသို့ မပြန်တော့ဘဲ လူမှုကူညီအဖွဲ့များ၏ အကူအညီဖြင့် မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြရွာကြီးနှင့် နှင်းဆီမြိုင်ရပ်ကွက်အနီးရှိ နှစ်ဧကခန့်ကျယ်သည့်မြေကွက်တွင် အခြေချနေထိုင်နိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

သတင်းနှင့်ရိုက်ကူး – /Myanmar Now

[youtube https://youtu.be/ZuHpnMiVM7M]

Show More

Related Articles

Back to top button