အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှု ဒေသခံများသဘောထားကို မျက်ကွယ်မပြုသင့်ဟု ပြည်ခိုင်ဖြိုးပြောခွင့်ရဆို

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများ စိုက်ထူရာတွင် ဒေသခံများ၏ ဆန္ဒသဘောထားကို မျက်ကွယ်မပြုသင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားလိုက်သည်။

“ဗိုလ်ချုပ်ဟာ အမျိုးသားခေါင်းဆောင် ဗိသုကာကြီးဖြစ်တဲ့အတွက် မြို့တိုင်းရဲ့အထင်ကရနေရာတွေမှာ တချို့ရှိထားပြီးသားဖြစ်ပါတယ်။ ရုပ်တုတွေများအောင် တည်ရင်းတည်ရင်းကနေ တန်ဖိုးနိမ့်သွားမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်ဟု ဗိုလ်ချုပ်ကြေးရုပ်များထားရှိမှုနှင့် ပတ်သက်ပြီး တိုင်းရင်းသားဒေသအချို့တွင် ကန့်ကွက်နေမှုများအပေါ် သတင်းထောက်များ၏ အမေးကို ၎င်းကပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရလာပြီးနောက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်နှင့် ချောင်းဆုံကို ဆက်သွယ်ထားသည့် တံတားအား ဗိုလ်ချုပ်အောင်ဆန်းအမည် မှည့်ခြင်းနှင့် ကယားပြည်နယ် လွိုင်ကော်တွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထားခဲ့ခြင်းတို့ကြောင့် ဒေသခံများ၏ ကန့်ကွက်မှုများ ရင်ဆိုင်ခဲ့ကြရသည်။

ဒီမိုကရေစီ စံချိန်စံညွှန်းအရ ပြည်သူတွေရဲ့ဆန္ဒကအရေးကြီးပါတယ်။ သက်ဆိုင်ရာဒေသကိုသွားပြီး လုပ်တဲ့အခါ သက်ဆိုင်ရာဒေသကပြည်သူတွေရဲ့ ဆန္ဒဟာ အရေးကြီးပါတယ်၊ ဒါကြောင့် ဘယ်အစိုးရ ဘယ်အဖွဲ့အစည်းပဲတက်တက် ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုဖို့ လိုပါတယ်ဟု ဦးသိန်းထွန်းဦးက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button