ရုပ်သံ

ကယားပြည်နယ်တွင် စစ်ကားတိုက်ခိုက်ခံရစဉ် တပ်ရင်းမှူးအပါ လေးဦးသေဆုံး

ကယားပြည်နယ် ရှားတောမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၂၃) က စစ်ကားတစ်စီးကို ကရင်နီတပ်မတော် (KA) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးတစ်ဦးအပါအဝင် ကားပေါ်ပါလေးဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တာဝန်ရှိသူက အတည်ပြုသည်။

ကားပေါ်တွင် ပါလာသူ လေးဦးအနက် တပ်ရင်းမှူးဆိုသူမှာ စစ်ကောင်စီ၏ ဖားဆောင်းမြို့နယ်အခြေစိုက် ခလရ ၁၃၄ တပ်ရင်းမှူးဖြစ်ပြီး ဗိုလ်မှူးအဆင့်ရှိနိုင်ကြောင်း၊ ကျန်သုံးဦးမှာ ယူနီဖောင်းအပြည့်အစုံ မပါသဖြင့် ရာထူးကို မသိရကြောင်း KNPP ပါတီမှ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က Myanmar Now ကို ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/Sh8iWTmgGDI]

Show More

Related Articles

Back to top button