![](https://myanmar-now.org/mm/wp-content/uploads/sites/7/drupal/youtube/m_NwyN_Hrf0.jpg)
ကရင်ပြည်နယ် လေးကေ့ကော်မြို့နယ်တွင် ယမန်နေ့(ဒီဇင်ဘာ ၁၆)က ဖြစ်ပွားသည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၈ ဦးသေဆုံးပြီး ၈ ဦးကို ဖမ်းမိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်မြေပြင် သတင်းနှင့် ပြန်ကြားရေး (တောင်ပိုင်းတိုင်း) က သတင်းထုတ်ပြန်သည်။
ဖမ်းမိထားသူများမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်း(၂၇၅) တပ်မှ ၆ ဦးနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ ၂ ဦးပါဝင်ပြီး စစ်တပ်ထုတ် MA အမျိုးအစား ရိုင်ဖယ် ၆ လက်၊ M 16 ရိုင်ဖယ် ၂ လက် အပါအဝင် ကျည်အိမ်နှင့် ကျည်ဆန်များပါ သိမ်းမိထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/m_NwyN_Hrf0]