ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်မြို့အနီး အင်အားတိုးချဲ့နေသည့် စစ်တပ်နှင့် ယမန်နေ့ (ဧပြီ ၂၁) ညက ဖလူးရွာအနီးတွင် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်မှ ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရသည်ဟု Cobra စစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ထိုဒေသ၌ စစ်ရေးတင်းမာနေသဖြင့် ဒေသခံတို့ တိမ်းရှောင်နေနှင့်ပြီးဖြစ်ရာ လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အရပ်သားထိုခိုက်မှုမရှိဟု Cobra စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/UXHJhJmfYPs]