အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမရပူရတွင် စစ်တပ်နှင့်ပေါင်းပြီး မိုက်ကြေးခွဲသည်ဟု သတင်းကြီးသူ ပစ်ခတ်ခံရ

မန္တလေးတိုင်း အမရပူရမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၏သမက် အသက် ၂၃ နှစ်အရွယ် ကိုချစ်ကိုဆိုသူ ယနေ့(နိုဝင်ဘာ ၄) နံနက် ၆ နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ခေါင်းတွင် ဒဏ်ရာရသွားသည်ဟု သိရသည်။

ဥယျာဉ်တော်ကျေးရွာအုပ်စု၊ တဲနံ့သာကျေးရွာအုပ်ချုပ်ရေးမှူး၏ သမက်သည် ရွာလမ်းအသုံးပြုခကောက်ခံသည့် ဂိတ်တာဝန်ခံဖြစ်ပြီး ဂိတ်သို့သွားစဉ် ပစ်ခတ်ခံရကြောင်း၊ ကျည်ဆန်မှာ မျက်ခုံးမှ နောက်စေ့သို့ ပေါက်ထွက်သည်ဟု သိရပြီး မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီအုပ်ချုပ်ရေးမှူးနဲ့ သူ့သမက်က ရွာမှာ တစ်ခုခုဆို စစ်ကြောင်း(စစ်ကောင်စီတပ်သားများ) ခေါ်တယ်။ ဖမ်းခိုင်းလိုက်ရမလားဆိုပြီး ပြောတယ်။ တစ်ခါ ရွာမှာ ဘဲကျောင်းတဲ့လူတွေဆီကနေ တစ်ခြံကို တစ်သိန်းဆိုပြီး တောင်းတယ်” ဟု အမည်မဖော်လိုသော ထိုရွာသားက ဆိုသည်။

“ရွာအပေါ်မှာ တော်တော်ဩဇာပြတယ်၊ စစ်တပ်နဲ့ပေါင်းပြီး ငွေညှစ်တယ်။ မတတ်နိုင်လို့ မပေးတဲ့လူတွေကို စစ်သားတွေနဲ့လာတောင်းတော့ ပေးကြရတယ်၊ အဲဒီလိုတွေ လုပ်နေတဲ့သူ”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးတာဝန်ထမ်းဆောင်ခွင့်ရချိန်အတွင်း တိုက်နှင့်ကား ဝယ်နိုင်ရမည်ဟု ရပ်သိရွာသိ ကြွေးကြော်ထားကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းကပင် ရွာထိပ်၌ စခန်းချနေသည့် စစ်သားများထံမှ သေနတ်တောင်းယူကာ လက်တည့်စမ်းသည့် သဘောဖြင့် ကျေးရွာဘက်သို့ ချိန်၍ နှစ်ချက်ပစ်ခဲ့သေးကြောင်း ထိုသူက ဆက်ပြောသည်။  

ထိုရွာခံအမျိုးသား၏ ပြောဆိုချက်များ၊ ကိုချစ်ကို ပစ်သတ်ခံရသည့်ဖြစ်စဉ်၊ ရွာအဝင်အထွက် ငွေကြေးကောက်ခံသည့်ကိစ္စ စသဖြင့် အသေးစိတ်ကိုမူ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းနေသည့် စစ်ကောင်စီကို ခုခံမှုများ နိုင်ငံအနှံ့ ပေါ်ပေါက်နေချိန်တွင် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်သူများ၊ သတင်းပေးများကို ပစ်မှတ်ထားတုံ့ပြန်မှုများလည်း အရှိန်မြင့်နေသလို နုတ်ထွက်သည့် အုပ်ချုပ်ရေးမှူးအရေအတွက်မှာ များလာနေသည်။

စစ်ကောင်စီဘက်ကလည်း အရပ်ဘက်ပစ်မှတ်နှင့် ဘာသာရေးအဆောက်အအုံများကိုပင်မချန် မီးရှို့ဖျက်ဆီးခြင်း၊ ခုခံသည်ဟု ယူဆသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လေယာဉ်၊ သံချပ်ကာ၊ အမြောက်ကြီးများကိုပင် သုံး၍ အညှာအတာမဲ့ ဖိနှိပ်ခြင်းများ ပြုလုပ်နေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button