အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်ဆည်မှ အုပ်ချုပ်ရေးမှူး မီတာခဆောင်ရန် ကြေညာနေစဉ် ပစ်သတ်ခံရ

ယမန်နေ့ (နိုဝင်ဘာ ၁) ညနေပိုင်းက လျှပ်စစ်မီတာခများ ပေးဆောင်ရန်နှင့် မဆောင်ပါက မီးဖြတ်မည်ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် အုပ်ချုပ်ရေးရုံးမှ ကြေညာနေသည့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ သင်ပျိုကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခံရပြီး နေရာမှာပင် သေဆုံးခဲ့သည်။

Dragon Kyaukse Defense Force (DKDF) ခေါ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က အသက် ၅၀ ဝန်းကျင် ဦးသိန်းဌေးကို ၎င်းတို့ သွားရောက်သတ်ဖြတ်ခြင်းဖြစ်သည်ဟု နာရီပိုင်းအတွင်း သတင်းထုတ်ပြန်ခဲ့သည်။

ဦးသိန်းဌေးသည် ဒလန်ဖြစ်သည့်အပြင်၊ စစ်ကောင်စီတပ်ကို တက်တက်ကြွကြွ အကျိုးဆောင်ပေးခဲ့သူဖြစ်သည်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ထိုသို့ ကြေညာနေစဉ် ရုံးအတွင်း ဝင်ပစ်ခြင်းဖြစ်သည်ဟု ထိုအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

“သူက စစ်ကောင်စီသတင်းပေးဗျ။ သူ့ကြောင့် ပြေးရတဲ့လူတွေများတယ်။ ပြီးတော့ သူက သွေးစွန်းငွေတွေ အတင်းအဓမ္မကောက်တယ်၊ စစ်တပ်ကို မျက်နှာလုပ်တယ်။ မပေးရင် မီးဖြတ်မယ်တို့ ဘာတို့ ပြောတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ စုံစမ်းကြည့်တော့ ဟုတ်လည်းဟုတ်နေတာနဲ့ ရှင်းလိုက်ရတာပါ”ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သင်ပျိုကျေးရွာဒေသခံ အမျိုးသားတစ်ဦးကလည်း အလားတူပြောဆိုသည်။

“အဲ့ဒီလူက ဆိုးတယ်။ သူနဲ့အဆင်မပြေတဲ့လူဆို PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်သားတွေကို ပြော၊ စစ်တပ်က လာပြီး ဖမ်းဆီးနှိပ်စက်တာတွေ လုပ်တာ ခဏခဏဖြစ်နေတယ်။ အပြောကလည်း ဆိုးတယ်၊ ရွာအပေါ် တော်တော်ဆိုးတယ်”ဟု ထိုအမျိုးသားက ဆိုသည်။ 

ထိုစွပ်စွဲပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now က ဦးသိန်းဌေး၏ မိသားစုဝင်များ၊​ မိတ်ဆွေများထံမှ တုံ့ပြန်ချက်ရယူနိုင်ခြင်း မရှိသေးပေ။  

ကျောက်ဆည်မြို့နယ်ဝန်းကျင်တွင် အခြေစိုက်သည့် ဒေသပြောက်ကျားတပ်ဖွဲ့များက ကျေးရွာအုပ်ချုပ်ရေးမှူးများ ဆက်လက်တာဝန်ယူနေပါက ရှင်းလင်းသွားမည်ဖြစ်ကြောင်း သတိပေးချက်များ အသီးသီးထုတ်ပြန်ထားသည်။

PDF များကို အကြမ်းဖက်သမားများဟု သတ်မှတ်ထားသော အာဏာသိမ်းစစ်ကောင်စီက အုပ်ချုပ်ရေးမှူးများကို အကာအကွယ်ပေးနိုင်ခြင်း မရှိပေ။

PDF အဖွဲ့များ၏ သတိပေးမှုများကြောင့် မကြာသေးမီက ရန်ကုန်တိုင်း သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ထီးချိုင့်မြို့နယ်များတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်ခဲ့ကြသည်။ 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင်လည်း အောက်တိုဘာ ၃၁ နောက်ဆုံးထားနုတ်ထွက်ရန် ကျည်ဆန် ၃ တောင့်ပုံဖြင့် သတိပေးစာကို လူမှုကွန်ရက်တွင် တင်ခဲ့ပြီးနောက်တွင် ထိုမြို့နယ်မှ အုပ်ချုပ်ရေးမှူး ၄၀ ကျော်က ကျန်းမာရေးအကြောင်းပြ၍ ထွက်စာတင်လိုက်ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးထွက်စာတင်မှုများကို သတင်းအမှောင်ချထားသည်။ PDF များကိုလည်း အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button