အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီ ဖမ်းဆီးခံရ

ထင်ရှားသည့် ၁၉၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်မင်းယု ခေါ် ဦးဂျင်မီကို စစ်ကောင်စီတပ်ဖွဲ့များက ယမန်နေ့ညတွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ 

စာရေးဆရာတစ်ဦးလည်းဖြစ်သူ ဦးဂျင်မီမှာ ယမန်နေ့ (အောက်တိုဘာ ၂၃) ညပိုင်းက ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်နီလာသိန်းက Myanmar Now ကို ပြောသည်။ 

“ကိုဂျင်မီကို စကစ (စစ်ကောင်စီ) တွေ ဖမ်းဆီးသွားပါတယ်။ အသက်အန္တရာယ်ကို စိုးရိမ်ရပါတယ်။ စကစ ဖမ်းဆီးမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေအားလုံးကို တာဝန်ယူဖြေရှင်းရမယ်” ဟု ဒေါ်နီလာသိန်းက လူမှုကွန်ရက် Facebook စာမျက်နှာ၌ ယနေ့ မွန်းလွဲပိုင်းက ရေးတင်ထားသည်။ 

ဦးဂျင်မီ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်မှု ရှိမရှိ အတည်မပြုနိုင်သေးသော်လည်း ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ယနေ့ နံနက်အစောပိုင်း ၃ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း BBC သတင်းဌာနက ရေးသားထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးဂျင်မီသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှ ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ စုစည်းတည်ထောင်ထားသည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (၈၈/ငြိမ်းပွင့်) အဖွဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ ၎င်းသည် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်အပါအဝင် အခြားထင်ရှားကျော်ကြားသူအချို့နှင့်အတူ စစ်တပ်က အာဏာသိမ်းပြီး ဆယ်ရက်ခန့်အကြာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅−ခ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်။ 

ဦးဂျင်မီသည် ၁၉၈၈ မှ ၁၉၉၆ အတွင်းလည်းကောင်း၊ ၂၀၀၇ မှ ၂၀၁၂ အထိလည်းကောင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် နှစ်ရှည်ထောင်ဒဏ်များကျခံခဲ့ရဖူးသူဖြစ်သည်။ 

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles