ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် နောက်ကွယ်မှ စေခိုင်းသည်ဟု နာမည်ထွက်ခဲ့သူမှာ လွန်ခဲ့သည့် နှစ် ၄၀ ခန့်က အခြားသူတစ်ဦး၏ မှတ်ပုံတင်ဖြင့် အေးကိုဟု အသွင်ပြောင်းထားသူဖြစ်သည်။ ၎င်း၏နာမည်ရင်းမှာ ဦးဇာနည်အောင် (ခ) သူရအောင်ဖြစ်သည်။
ဦးအေးကို အစစ်နှင့် အတု နှစ်ဦးစလုံးမှာ အ.ထ.က (၁) သင်္ဃန်းကျွန်း ကျောင်းသားဟောင်းများဖြစ်သည်ဟု သိရကြောင်း၊ ဦးအေးကိုအစစ်မှာ လွန်ခဲ့သော တစ်နှစ်ခန့်က ဆုံးပါးသွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။
၎င်း၏ နိုင်ငံသားအထောက်အထားကို ရယူသုံးစွဲထားသည့် ဦးအေးကိုတစ်ဖြစ်လဲ ဦးဇာနည်အောင်မှာ အသက် ၆၀ အရွယ်ရှိပြီဟု ၎င်းက ပြောသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည်ဆိုသော လက်နက်ပွဲစား ဦးအေးကိုသည် အ.ထ.က (၁) သင်္ဃန်းကျွန်း၏ ဆရာကန်တော့ပွဲသို့ နှစ်စဉ်နီးပါး လာရောက်လေ့ရှိသည်၊၊ မတည်ငွေ ကျပ်သိန်း ၅၀ အထိ လှူဒါန်းလေ့ရှိပြီး ဦးအေးကိုအစစ်ကိုလည်း ထောက်ပံ့တတ်သည်ဟု ဆိုသည်။
“လစဉ် ငွေကြေးထောက်ပံ့တာပါ။ ဆရာကန်တော့ပွဲကာလဆို (ဦးအေးကိုအစစ်၏) အိမ်ကို ပေါ်တင်လာတယ်။ မဟုတ်ရင် ကျောင်းနောက်ပေါက်ရှိတယ်။ အဲဒီနောက်ဖေးပေါက်ကနေ လာလာပေးတယ်။ သူကိုယ်တိုင်လာတာများတယ်” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
ဦးအေးကိုအစစ်မှာ အ.ထ.က (၁) သင်္ဃန်းကျွန်း၏ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း၊ လက်နက်ပွဲစားဟု နာမည်ထွက်သူ ဦးအေးကို၏ နေအိမ်မှာ အ.ထ.က (၁) သင်္ဃန်းကျွန်းကျောင်း၏ မျက်နှာချင်းဆိုင်ဘက်တွင်ရှိကြောင်း ၎င်းက ဆက်ပြောသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ဦးဇာနည်အောင်မှာ လွန်ခဲ့သည့် နှစ် ၄၀ ခန့်က ရန်ကုန်ကျောက်မျက်လောကတွင် ကျင်လည်ခဲ့ဖူးပြီး ငွေကြေးအရှုပ်အရှင်းကြုံရချိန်တွင် ဦးအေးကိုအစစ်ထံမှ မှတ်ပုံတင်နှင့် ကိုယ်ရေးအချက်အလက်များကို ရယူ၍ ဘဝခရီးဆက်ခဲ့သည်ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
“မှောင်ခိုကိစ္စမှန်သမျှ အကုန်လုပ်တယ် ပြောတယ်ဗျ။ အဲဒါက တကယ်လို့ပြောတယ်။ မှောင်ခိုလုပ်ငန်းမှန်သမျှ ရန်ကုန်မှာ အကုန်လုပ်ခဲ့တယ်။ ရန်ကုန်ကနေ ထွက်ခွာပြီးနောက်ပိုင်းမှာလည်း ဆက်ပြီးတော့ လုပ်နေခဲ့တယ်” ဟု ၎င်းက ပြောသည်။
ဦးအေးကို၏ စီးပွားရေးလုပ်ငန်းများ
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ၂၀၂၁ စက်တင်ဘာမတိုင်မီ မှတ်တမ်းများအရ ဦးအေးကိုအမည်ဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၈ ခုရှိပြီး အဆိုပါကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့တွင်လည်း ၎င်း၏ အမည်ကို တွေ့ရှိရသည်။
အဆိုပါကုမ္ပဏီများအနက် A.K Construction and Industry နှင့် Family Aye Ko Construction မှလွဲ၍ ကျန်ကုမ္ပဏီအားလုံး ပိတ်သိမ်းထားကြောင်း လက်ရှိ DICA မှတ်တမ်းများတွင် တွေ့ရသည်။
AK ဟု အတိုကောက်ခေါ်ဝေါ်သည့် ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်ကို ၁၉၉၅ ခုနှစ်၊ Aye Ko မိသားစုဆောက်လုပ်ရေးကုမ္ပဏီကို ၂၀၀၈ တွင် မှတ်ပုံတင်ထားခြင်းဖြစ်သည်။
ထိုလုပ်ငန်းများအတွင်း မြန်မာနိုင်ငံတောင်ပိုင်းရှိ အဝေးပြေးလမ်းမကြီးအချို့ကို (B.O.T) စနစ်ဖြင့် လုပ်ပိုင်ခွင့်ရခဲ့သည့် Aye Ko မိသားစုဆောက်လုပ်ရေးကုမ္ပဏီမှာ နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ထိုကုမ္ပဏီက တာဝန်ယူတည်ဆောက်သည့် လမ်းများမှာ အရည်အသွေးပိုင်းအရ ဝေဖန်ခံထားရသည်။

၂၀၁၂၊ နိုဝင်ဘာတွင် သံဖြူဇရပ်၌ လူထုတွေ့ဆုံပွဲသို့ ရန်ကုန်မှလာသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကပင် အောက်ပါအတိုင်းဝေဖန်ဖူးသည်။
“ဟောဒီ သံဖြူဇရပ်-ရေး လမ်းလောက်ဆိုးတဲ့လမ်း တစ်ခါမှ မတွေ့သေးဘူး။ ဒီနေ့ ကျွန်တော် ပွင့်ပွင်းလင်းလင်းပြောရရင် လမ်းတစ်ဝက်က လှည့်ပြန်ချင်စိတ်ဖြစ်တာ အကြိမ်ပေါင်းမနည်းဘူး။ ကျွန်တော်တို့လမ်းဟာ ကျောက်ခဲစားထားရင်တောင် အစာကြေပါတယ်” ဟု ဦးမင်းကိုနိုင်၏ ပြောစကားကို ဧရာဝတီသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
မော်လမြိုင်-မုဒုံ-သံဖြူဇရပ်-ရေး လမ်းပိုင်း (၁၁၂ မိုင် ၆ ဖာလုံ) BOT ဖြင့် လုပ်ပိုင်ခွင့်ကို Aye Ko မိသားစုဆောက်လုပ်ရေးကုမ္ပဏီက စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ တွင် ရခဲ့ခြင်းဖြစ်သည်။
ချိုင့်ခွက်များထနေသော သံဖြူဇရပ်လမ်းပိုင်းတစ်နေရာ၌ ငါးမျှားဟန်ပြုနေသည့် ဓာတ်ပုံကို ဒေသခံတစ်ဦးက ၂၀၁၇ ၌ Facebook တွင် တင်ခဲ့ရာ လူအများသတိထားမိခဲ့သည်။
ထိုဂယက်မှာ အမျိုးသားလွှတ်တော်သို့ပါ ရောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၂ မှ အမတ် ဒေါ်နွယ်နွယ်အောင်က ၂၀၁၇၊ အောက်တိုဘာတွင် မော်လမြိုင်-မုဒုံ-သံဖြူဇရပ်လမ်းပိုင်း အရည်အသွေးမမီ၍ Aye Ko မိသားစုဆောက်လုပ်ရေးကုမ္ပဏီကို အရေးယူရန်ရှိမရှိ လွှတ်တော်၌ မေးမြန်းခဲ့သည်။
ထိုစဉ်က တိုင်းပြည်ကို အုပ်ချုပ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရက ၂၀၁၇ တွင် Aye Ko မိသားစုဆောက်လုပ်ရေးကုမ္ပဏီကို မော်လမြိုင်-မုဒုံ- သံဖြူ ဇရပ် (၃၇ မိုင်) လမ်းပိုင်းအတွက်သာ လုပ်ခွင့်ပြုသည်ဟု စာချုပ်ပြင်ဆင်ချုပ်ဆိုခဲ့သည်။
သို့သော် နောက်နှစ်ကြာသည်အထိ Aye Ko မိသားစုဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူထားသည့် ထိုလမ်းပိုင်းတွင် အရည်အသွေးမမီသည့် ပြဿနာများဆက်ရှိနေခဲ့သည်။
မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးများတွင် ကုမ္ပဏီတာဝန်ရှိသူတို့ကို ခေါ်ယူ၍ BOT စာချုပ်ပါ စည်းကမ်းကို လိုက်နာရန် ၁၀ ကြိမ်ထက်မနည်း သတိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိဟု သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) အမတ် ဦးအောင်ကျော်သူက ပြောပြသည်။
Aye Ko မိသားစုဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူထားသည့် လမ်းပိုင်းအတွင်းရှိ မော်လမြိုင်-မုဒုံ လမ်းတွင် စာချုပ်စည်းကမ်းအရ ၄လမ်းသွား နိုင်လွန်ကတ္တရာခင်းရမည့်အစား လမ်းလယ်မျဉ်းနှင့် ကပ်လျက် အသွားအပြန် ၂ လမ်းကိုသာ ခင်းထားကြောင်း ၎င်းက ဆက်ပြောသည်။“လမ်းအလယ်မှာ ခုံးနေတော့ ယာဉ်မတော်တဆမှုတွေ အကြိမ်ပေါင်းမြောက်မြားစွာဖြစ်တာပေါ့။ ဖြစ်တဲ့အခါမှာ ဆိုရှယ်မီဒီယာမှာ အော်ကြပြုကြတော့ ကုမ္ပဏီကို အရေးယူပေးဖို့ မလုပ်ဘူးဆိုရင် BOT ကို ပယ်ဖျက်ပေးဖို့အဆင့်ထိ လုပ်ခဲ့ဖူးတယ်” ဟု ဦးအောင်ကျော်သူက ပြောသည်။

မွန်ပြည်နယ်လွှတ်တော်၏ ၂၀၁၉ မေလ အစည်းအဝေးတစ်ခုတွင် ကုမ္ပဏီကို အရေးယူပေးရန် အဆိုတင်ခဲ့သော်လည်း Aye Ko ကုမ္ပဏီကို ပြည်ထောင်စုအဆင့်က လုပ်ပိုင်ခွင့်ပြုထားခြင်းဖြစ်၍ ပြည်နယ်ဘက်မှ အရေးယူရန် အခွင့်မသာခဲ့ဟု ၎င်းက ဆက်ပြောသည်။
ထို့အတူ ဦးအေးကို၏ နောက်ကုမ္ပဏီတစ်ခုဖြစ်သည့် AK သည် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့ဘက်ခြမ်း၊ သောင်ရင်းမြစ်နှင့် ထိစပ်နေသော အရှည်ပေ ၃၃၀၀ ရှိ ကမ်းထိန်းတမံစီမံကိန်း တစ်စိတ်တစ်ပိုင်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် လုပ်ကိုင်ခွင့်ရခဲ့ကြောင်း ထိုကာလအတွင်း ဧရာဝတီက ရေးသားသည့် သတင်းတစ်ပုဒ်တွင် ပါဝင်သည်။
ဦးအေးကိုပိုင် AK ကုမ္ပဏီသည် မန္တလေးရှိ The Prince Hotel, Hotel Mandalay, ရွှေမန်းတောင်ဂေါက်ကွင်း၊ ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းမကြီး ပြင်ဆင်ဖောက်လုပ်မှု စသည့် လုပ်ငန်းများကိုပါ လုပ်ကိုင်နေသည်ဟု ဧရာဝတီသတင်းက ဆိုသည်။
ထိုအထဲတွင် A.K ကုမ္ပဏီ၏ ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းမကြီးကို အရည်အသွေးမီ ပြုပြင်မှုမရှိဘဲ လမ်းအသုံးပြုခသာ ကောက်နေသဖြင့် လမ်းကြေးတောင်းသည့် ဂိတ်တချို့တွင် ခရီးသွားများနှင့် ကတောက်ကဆတ်ဖြစ်ခဲ့ဖူးသည်ဟု ဦးအောင်ကျော်သူက ပြောသည်။
“ပုံမှန်အရပ်သားကားတွေကတော့ သိပ်ဘာမှမလုပ်ဘူး။ ဆဲရုံပဲဆဲလို့ရတာပေါ့။ ဒါပေမယ့် (လက်နက်ကိုင်) အဖွဲ့အစည်းကားတွေကျတော့ မခံနိုင်တော့ ဂိတ်ကလူတွေကို ဖမ်းခေါ်သွားတယ်လို့ ကြားဖူးတယ်ပေါ့နော်။ ၂၀၁၀ ဝန်းကျင်ကာလတွေမှာပေါ့” ဟု ၎င်းက ပြောသည်။
ဒေသတွင်းသတင်းဌာနတချို့၏ ဖော်ပြချက်အရ ၂၀၁၆၊ ဖေဖော်ဝါရီ ၂၉ နံနက်ပိုင်းတွင် ဘားအံမြို့နယ် အိန္ဒုကျေးရွာနှင့် ဝဲကနင်ကျေးရွာအကြား နောင်လုံတိုးဂိတ်၌ A.K ကုမ္ပဏီဝန်ထမ်းနှင့် ယာဉ်မောင်းတစ်ဦး အချေအတင်စကားများရာ သေနတ်ပစ်ဖောက်မှုပင် ဖြစ်ခဲ့ကြောင်း သိရသည်။
DICA ၏ ၂၀၁၉ ဒီဇင်ဘာလဆန်းမှတ်တမ်းအရ Aye Ko ကုမ္ပဏီသည် ဘားအံ- ကော့ကရိတ်- မြဝတီ လမ်းပိုင်း၊ ဘားအံနှင့် မော်လမြိုင်ကို ဆက်သွယ်ထားသည့် ကော့ကျိုက်- ဇာသပြင်နှင့် အိန္ဒု- ဇာသပြင်- မော်လမြိုင် လမ်းပိုင်းတို့ကို တာဝန်ယူထားကြောင်း သိရသည်။
Aye Ko ကုမ္ပဏီ ရရှိထားသည့် လမ်းလုပ်ပိုင်ခွင့်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ၂၀၂၀ အောက်တိုဘာလထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးတစ်ပုဒ်အရ ဘားအံမြို့မှ အိန္ဒုလမ်းဆုံအထိ လမ်းပိုင်းကို ၂၄ ပေအကျယ် နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ရန် လုပ်ပိုင်ခွင့်ရထားသည်။
ငှားရမ်းခနည်းပါးစွာဖြင့် လုပ်ကိုင်ခွင့်ရထားသည့် ဟိုတယ်များ
မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ အစီရင်ခံစာအရ ၁၉၉၇ ကတည်းက ဦးအေးကိုပိုင် AK ကုမ္ပဏီရယူထားသည့် မန္တလေးမြို့ရှိ The Prince Hotel, Hotel Mandalay တို့၏ ငှားရမ်းခနှုန်းထားများမှာ ကာလပေါက်ဈေးထက် လွန်စွာနည်းပါးနေ၍ ပြည်သူ့ဘဏ္ဍာငွေထိခိုက်ဆုံးရှုံးမှုရှိကြောင်း မန္တလေးတိုင်းလွှတ်တော်၌ နွားထိုးကြီးမြို့နယ်၊ အမှတ် ၁ အမတ် ဒေါ်ငြိမ်းသက်နွယ်၏ ဆွေးနွေးတင်ပြမှုများအရ သိရသည်။
မန္တလေးမြို့၏ အဓိကလမ်းမကြီးဖြစ်သည့် ၇၈ လမ်းပေါ်၌ မြေ ခြောက်ဧကသုံးကာ တည်ဆောက်ထားသည့် The Prince Hotel ကို တစ်လ ကျပ်လေးသိန်းဖြင့် နှစ်ပေါင်း ၂၀ လုပ်ကိုင်ခွင့်ရထားပြီး ၇၈ လမ်းပေါ်ရှိ အထင်ကရ Hotel Mandalay ကို တစ်လ ကျပ်တစ်သိန်းကျော်ဖြင့် နှစ် ၃၀ လုပ်ပိုင်ခွင့်ရထားသည်။
ဦးအေးကိုနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးများ၏ အဆက်အစပ်၊ ထိုင်းနိုင်ငံတွင် ၎င်းထူထောင်ထားသည်ဆိုသော စီးပွားရေးလုပ်ငန်းများ စသည်တို့၏ အသေးစိတ်အချက်အလက်များကိုမူ မသိရပေ။
ဦးကျော်မိုးထွန်းကို ရန်ပြုမည့် အစီအစဉ်၏ နောက်ကွယ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းယူပြီးနောက် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် အစီအစဉ်တွင် ဦးအေးကို ပါဝင်လာသည်။
ကမ္ဘာ့စင်မြင့်ထက်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပထမဆုံးထုတ်ဖော်ပြောဆိုခဲ့သူ သံအမတ်ကြီး ဦကျော်မိုးထွန်းကို ရန်ပြုမည့် အစီအစဉ်တစ်ခုကို အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (FBI)က ဖော်ထုတ်နိုင်ခဲ့ကြောင်း အမေရိကန်တရားရေးဌာန၏ နယူးယောက်တောင်ပိုင်း အစိုးရရှေ့နေရုံးက ဩဂုတ် ၆ တွင် သတင်းထုတ်ပြန်သည်။
အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်နှင့် ၂၀ အရွယ် ရဲဟိန်းဇော်တို့ကို FBI က ဖမ်းဆီးထားပြီး ၎င်းတို့၏ ထွက်ဆိုချက်များအရ ထိုင်းနိုင်ငံရှိ မြန်မာလူမျိုးလက်နက်ပွဲစားတစ်ဦးက အမေရိကန်ဒေါ်လာ ၄၀၀၀ လွှဲပေးခဲ့သည်ဟု ထိုသတင်းထုတ်ပြန်ချက်၌ ပါဝင်သည်။
ပထမအဆင့်အနေဖြင့် ဦးကျော်မိုးထွန်းကို ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်ရန် ကြံစည်ရန်၊ သံအမတ်ကြီးနေရာကို မဖယ်လျှင် ဒုတိယအဆင့်အနေဖြင့် အသက်အန္တရာယ်ထိခိုက်စေသည်အထိ လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။
လူငယ်နှစ်ဦးထံ ငွေလွှဲပေးခဲ့သူ ထိုင်းအခြေစိုက် အသက် ၆၀ အရွယ် မြန်မာလူမျိုးလက်နက်ပွဲစား၏ အမည်ကို FBI က ထုတ်ပြန်ခြင်းမရှိသေးသော်လည်း နယူးယောက်မြို့ရှိ ဦးကျော်မိုးထွန်းနှင့် နီးစပ်သူတစ်ဦးက ထိုသူမှာ ဦးအေးကိုဖြစ်ကြောင်း အတည်ပြုသည်။
ဦးကျော်မိုးထွန်း၏ ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်နေရာကို ၎င်းတို့လိုလားသူနှင့် အစားထိုးရန် အာဏာသိမ်းစစ်ကောင်စီက ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်ထိ အခက်တွေ့နေဆဲဖြစ်သည်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၂၇ တွင် ဦးကျော်မိုးထွန်းကို ရာထူးမှ ထုတ်ပယ်ကာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ခဲ့သည်။ ထို့ပြင် ဦးကျော်မိုးထွန်း၏ ကုလသံအမတ်ကြီးနေရာကို စစ်မှုထမ်းသက် ၂၆ နှစ်ရှိ ဗိုလ်မှူးကြီးအောင်သူရိန်ဖြင့် လဲလှယ်လိုကြောင်း ဇူလိုင်လအတွင်း စစ်ကောင်စီက အဆိုပြုခဲ့သော်လည်း ကုလသမဂ္ဂက လက်ခံခြင်း မရှိပေ။
နယူးယောက်မြို့၌ စက်တင်ဘာ ၁၄ ရက်မှစ၍ ကျင်းပနေဆဲဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၌လည်း စစ်ကောင်စီကိုယ်စားပြုသူ မည်သူမျှ တက်ရောက်ခွင့် မရပေ။
၎င်းတို့ အသည်းအသန်ဖယ်ရှားလိုသည့် ဦးကျော်မိုးထွန်းမှာမူ ကုလညီလာခံပြင်ပ၌ ပြုလုပ်သည့် Global Center for Responsibility to Protect (GCR2P) အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်အဖြစ် တက်ရောက်မိန့်ခွန်းပြောခွင့်ရခဲ့၍ မခံချိမခံသာဖြစ်နေသော စစ်ကောင်စီက စက်တင်ဘာ ၂၃ တွင် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
နယူးရောက်မြို့တွင် အခြေစိုက်သည့် ကမ္ဘာ့ကုလသမဂ္ဂရုံး၏ မြန်မာကိုယ်စားလှယ်အဖြစ် NUG ကိုယ်စားပြု ဦးကျော်မိုးထွန်း၊ စစ်ကောင်စီက ခန့်အပ်လိုသည့် ပုဂ္ဂိုလ် မည်သူ့ကို လက်ခံမည် သို့မဟုတ် မည်သူ့ကိုမျှ လက်မခံ စသဖြင့် ကုလအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် မချသေးသဖြင့် ဦးကျော်မိုးထွန်းသည် ကုလအစည်းအဝေးကို နိုင်ငံကိုယ်စားပြုတက်ရောက်သူအဖြစ် ဆက်လက်တည်ရှိနေသည်။
ဦးကျော်မိုးထွန်းကို ရန်ပြုရန် ကြံစည်မှု၊ နောက်ကွယ်မှ လက်နက်ပွဲစားမှာ ဦးအေးကိုဟု သတင်းထွက်နေမှုများနှင့် စပ်လျဉ်း၍ FBI က မည်သို့ ဆက်လက်ဆောင်ရွက်နေသည်မှာလည်း မသိရသေးသလို Myanmar Now က ဦးအေးကိုနှင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
သြဂုတ် ၉ ရက်နေ့ ဘန်ကောက်မြို့သတင်းစာရှင်းလင်းပွဲတွင် ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရအရာရှိ ဗိုလ်ချုပ် Krisana Pattanacharoen က အမှုတွင် ထိုင်းနိုင်ငံထဲမှ တစ်စုံတစ်ဦး ပါဝင်ပတ်သက်နေသဖြင့် စုံစမ်းထောက်လှမ်းမှုတွင် ပူးပေါင်းဆောင်ရွက်ရန် အသင့်ပြင်ဆင်နေကြောင်း၊ အမေရိကန်ဘက်မှ အကူအညီတောင်းဆိုကမ်းလှမ်းမှု မရှိသေးကြောင်း ပြောခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p
ထို့ကြောင့် ငှားရမ်းခများ ပြင်ဆင်သတ်မှတ်ရန် မန္တလေးတိုင်းလွှတ်တော်တွင် ဆွေးနွေးခဲ့ပြီးနောက် ငှားရမ်းခွင့်ကုန်ဆုံးတော့မည့် The Prince Hotel ကို တစ်လငှားခ ကျပ်ခြောက်သိန်းသုံးသောင်းအထိ ပေးရန် A.K ကုမ္ပဏီက သဘောတူခဲ့သော်လည်း လုပ်ပိုင်ခွင့်ကို နှစ် ၂၀ မှ ၇၀ သို့ တိုးပေးရန် မန္တလေးတိုင်းအစိုးရက ၂၀၁၆၊ မတ် ၂၉ ရက်စွဲဖြင့် သဘောတူလိုက်ရသည်။
၂၀၂၇ တွင်မှ လုပ်ကိုင်ခွင့်သက်တမ်းကုန်မည့် Hotel Mandalay ငှားရမ်းခကိုမူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (၂၀၁၇ ဧပြီ ၁) မှစ၍ တစ်လလျှင် ကျပ်ငါးသိန်းခန့် နှုန်းဖြင့် A.K ကုမ္ပဏီက တိုးမြှင့်ပေးချေသည်။
ကာလပေါက်ဈေးထက် များစွာလျော့၍ ငှားခွင့်ရထားသည့် A.K ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ၂၀၁၉ မန္တလေးတိုင်းလွှတ်တော်၌ ဆွေးနွေးစဉ်က ရွှေမန်းတောင်ဂေါက်ကွင်းကိစ္စပါ ပါဝင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်ငြိမ်းသက်နွယ်က တိုင်းလွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့သည်။
“နောက်တစ်ခုကတော့ ရွှေမန်းတောင်ဂေါက်ကွင်းပါ။ ၁၀၁ ဒသမ ၉၆ မြေဧကကို နိုင်ငံတကာအဆင့်မီ ဟိုတယ်ဆောက်လုပ်ဖို့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ အဲဒီမြေဟာလည်း ကာလတန်ဖိုးထက် အဆမတန်နည်းနေတယ်လို့ သိရပြီး စာချုပ်က အစိုးရအကူးအပြောင်း (၂၀၁၆) စပ်ကူးမပ်ကူးမှာ ချုပ်ဆိုခဲ့တာပါ” ဟု နွားထိုးကြီးမြို့နယ်၊ အမှတ် ၁ အမတ် ဒေါ်ငြိမ်းသက်နွယ်က မန္တလေးတိုင်းလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
A.K ကုမ္ပဏီ၏ ရွှေမန်းတောင်ဂေါက်ကွင်း ငှားရမ်းခ နောက်ဆက်တွဲအခြေအနေကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထိုင်းရောက် မြန်မာစစ်သံမှူးများ၏ လူယုံ ဦးအေးကို
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရခေတ်တွင် အငြင်းပွားဖွယ်လုပ်ငန်းများကို လုပ်ခွင့်ရသူ၊ ဘန်ကောက်တွင် နေထိုင်သူဟု ယူဆရသည့် ဦးအေးကိုမှာ ထိုင်းနိုင်ငံရှိ မြန်မာစစ်သံမှူးအဆက်ဆက် အားထားရသော လူယုံတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
“သူက ဝန်ထမ်းမဟုတ်ဘူး၊ သံရုံးတွေမှာ အမြဲတမ်းရှိတယ်။ အဓိကက ကိုအေးကိုက စစ်သံမှူးအဆက်ဆက်ကို လုပ်ကျွေးရတာ” ဟု ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်သူတစ်ဦးက ပြောသည်။
စစ်သံမှူးများစေခိုင်းသည့် အလုပ်များကို လုပ်ပေးရသူ ဦးအေးကိုမှာ အပေးအယူအနေဖြင့် ထိုင်းနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရထားကြောင်း၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။
“စစ်သံရုံးရဲ့လူယုံလို့ ပြောလို့ရတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းရှင် လည်လည်ဝယ်ဝယ်ဖြစ်တယ်။ ဂေါက်ပွဲတွေဘာတွေ အရင်တုန်းက စီစဉ်ပေးတာလည်း သူတို့ပဲတဲ့။ စစ်ဘက်ကလူတွေ ဂေါက်ပွဲတွေဘာတွေ လာလာပြီးတော့ လုပ်ခိုင်းတယ်။ ထိုင်းစစ်တပ်နဲ့ ဟိုဘက်ဒီဘက် ချိတ်ပေးမှုတွေ အဲလိုမျိုးတွေ ပါကောင်းပါမယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။