အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် အဖမ်းခံရသည့် NLD ထောက်ခံသူ နာရီပိုင်းအတွင်း အသတ်ခံရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်းနှင့်လမ်း ၄၀ ကြား စိန်ပန်းကမ်းနားလမ်းပေါ်‌၌ ယနေ့ (စက်တင်ဘာ ၂၄) မနက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အားပေးထောက်ခံသူ အမျိုးသားတစ်ဦး အသတ်ခံထားရသည်ကို တွေ့ရှိရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

ယမန်နေ့ ညဉ့်သန်းခေါင် ၁၂ နာရီခန့်တွင် မဟာအောင်မြေမြို့နယ်၊ ရှမ်းဝိုင်းရပ်နေ အသက် ၅၀ အရွယ် ဦးပေါက်ကြီး ဆိုသူ၏ နေအိမ်ကို စစ်ကောင်စီတပ်သားများ အရပ်ဝတ်ဖြင့် ရောက်ရှိလာပြီး နေအိမ်တံခါးကို ဖျက်ဆီးကာ ကားဖြင့် ခေါ်ဆောင်သွားခဲ့ကာ နောက်တစ်နေ့ လမ်းမပေါ်တွင် ထိုသို့ အလောင်းသာ ပြန်တွေ့ရခြင်း ဖြစ်သည်။

“ကိုပေါက်ကြီး၊ ကိုပေါက်ကြီးဆိုပြီး အော်ခေါ်တယ်။ ဖွင့်မပေးတော့ တံခါးဖျက်ဝင်တော့ အတွင်းတံခါး ဖွင့်ပေးလိုက်ရတယ်။ အဲဒီမှာ မေးစရာရှိလို့၊ ခဏဆိုပြီး ခေါ်သွားတာ”ဟု မိသားစုနီးစပ်သူ အမျိုးသားက ဆိုသည်။

“ကလစ်ဆိုင်ကယ်တစ်စီးနဲ့ ဖုန်း ပါသွားတယ်။ ခုမနက်ကျ အသတ်ခံထားရတယ်။ ပစ္စည်းတွေလည်း ပြန်မရဘူး” ဟု ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သေဆုံးသူ၏ မိသားစုဝင်များကို ဆက်သွယ်မေးမြန်းသော်လည်း မှတ်ချက်ပေးရန် ငြင်းဆန်ကြသည်။

သေဆုံးသူမှာ NLD ပါတီကို အမာခံထောက်ခံအားပေးသည့် ကျောက်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခံထားရကာ လည်ပင်းကိုလည်း ဓားဖြင့် လှီးထားသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူများအဆိုအရ သိရသည်။

“သူ့မိသားစုဝင်တွေက ရဲစခန်းကို မေးတဲ့အခါ သူတို့က ညတွင်းချင်းပြန်လွှတ်ပေးလိုက်တာလို့ ပြောတာ ကြားရတယ်”ဟု ထိုရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောသည်။

ယနေ့မနက် ၆ နာရီခွဲခန့်တွင် ဦးပေါက်ကြီးရုပ်အလောင်းကို မဟာလူမှုရေးအသင်းက ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ယခုအခါ နေအိမ်သို့ ပြန်သယ်ဆောင်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက သူ့ကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်၊ သတ်ဖြတ်သူ မည်သူဖြစ်နိုင်ပြီး အမှုဖွင့်ထားခြင်း ရှိမရှိ မေးမြန်းရန် ကြိုးပမ်းသော်လည်း မဟာအောင်မြေရဲစခန်းက တယ်လီဖုန်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles