အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေးမြို့နယ်တွင် အရပ်သားတစ်ဦး ပစ်သတ်ခံရဟု YPDF ပြော

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယမန်နေ့ (စက်တင်ဘာ ၂၀) ညက ပစ်သတ်ခံရသော အမျိုးသားတစ်ဦးသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“သေဆုံးသွားတဲ့သူက အရပ်သားသာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လိမ်လည်အောက်တန်းကျမှုကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ ရေးမြို့နယ် PDF က ပြည်သူ့ကို ကာကွယ်ထားတဲ့အဖွဲ့အစည်းဖြစ်လို့ ဒီစစ်ကောင်စီကို ပြန်တိုက်ခိုက်သွားမယ်လို့ သတိပေးချင်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ 

ယမန်နေ့ ည ၉ နာရီခန့်တွင် ရေးမြို့မှ မိုင်ဝက်ခန့်အကွာရှိ ရေးမြစ်ကူးတံတားအောက်တွင် ရှိနေသည့် ထိုအမျိုးသားက တံတားထိပ်ရှိ လုံခြုံရေးကင်းတဲကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်သောကြောင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း “ရဲအသိုင်းအဝိုင်း” ကို ကိုးကားပြီး ဒေသအခြေစိုက် မွန်သတင်းအေဂျင်စီ သတင်းတစ်ပုဒ်တွင် ရေးထားသည်။   

YPDF ကမူ ၎င်းတို့၏ ရေးမြို့နယ်ကာကွယ်ရေးအထူးအဖွဲ့ (YSTF) က ရေးမြစ်ကူးတံတား (ချောင်းတောင်) တံတားထိပ်ရှိ အဆိုပါ စစ်ဆေးရေးဂိတ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ချိန်မှာ ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ဖြစ်သည်ဟု Myanmar Now ကို ယနေ့ ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါရဲကင်းစခန်းနှင့် ကိုက် ၁၀၀ ခန့် အကွာအဝေးတွင်ရှိသော မနက်ပိုင်းဖွင့်လှစ်သည့် ငါးဈေးမှ ငါးလုပ်သားများ ထိုတံတားကို ဖြတ်သန်းသွားလာမှုရှိသည့်အတွက် ပစ်သတ်ခံရသူသည် ၎င်းအလုပ်သမားများထဲမှ တစ်ဦးဖြစ်နိုင်ကြောင်း YPDF က ယူဆနေသည်။ 

Myanmar Now အနေဖြင့် သေဆုံးသူအမျိုးသားမှာ မည်သူမည်ဝါဖြစ်သည်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ 

YPDF က ဒေသခံတို့ကို စစ်ကောင်စီလက်နက်ကိုင်များ၊ ရဲများ၊ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ပတ်သက်နေသူများ၊ စစ်ကောင်စီကို အကျိုးပြုလုပ်နေသူများ၏ အနီးပတ်ဝန်းကျင်တွင် နေထိုင်သွားလာခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။

ဒေသခံ YPDF အဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးလိုင်းတာဝါတိုင် ၃ တိုင်ကို စက်တင်ဘာ ၁၇ နှင့် ၁၈ တွင် ဖျက်ဆီးတိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၁၂ တွင်လည်း ​ရန်ကုန်-ထားဝယ် ကားလမ်းမ (အာရှလမ်းမကြီး) နှင်းစုံရွာအနီး ရဲတပ်သားတစ်ဦးကို ဓားဖြင့် အနီးကပ်ထိုးသတ်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။ 

စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သူများ၊ ဒေသခံအရပ်သားများကို PDF ဟု စွပ်စွဲ၍ ပစ်သတ်ခြင်း၊ ဖမ်းဆီးခြင်းများ မကြာခဏပြုလုပ်နေသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button