အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရဲဘက်ကျောက်ထုတ်စခန်းများကို လူ့အခွင့်အရေးကော်မရှင် ဝင်စစ်

ရန်ကုန် – မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ အကျဉ်းဦးစီးဌာန ဘဲလင်းကျောက်ထုတ်စခန်းနှစ်ခုကို ယနေ့ ဝင်ရောက်စစ်ဆေးရာ ကြီးကြီးမားမား အခွင့်အရေးချိုးဖောက်မှု မရှိသော်လည်း အကျဉ်းသားများ အလုပ်အချိန်ပို လုပ်နေရခြင်းနှင့် လုပ်ငန်းခွင်ဘေးကင်းရေးပစ္စည်းများမစုံလင်ခြင်းတို့ကို တွေ့ခဲ့ရသည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

“အလုပ်စချိန်မှန်ပေမဲ့ အလုပ်သိမ်းချိန်နောက်ကျတယ်ဆိုပြီး အကျဉ်းသားတွေက သတင်းပို့ပါတယ်။ အလုပ်လုပ်ချိန်ကို ပိုခိုင်းတော့ သူတို့ပင်ပန်းတယ်၊ နားချိန်မရဘူးပေါ့။ ပြီးတော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိအောင် လုပ်ငန်းခွင် အကာအကွယ်ပစ္စည်း (မျက်မှန်၊ ဖိနပ်၊ လက်အိတ်) လိုအပ်ချက်တွေ တွေ့ပါတယ်။ ဒါတွေ ဖြည့်ဆည်းဖို့ ထောင်တာဝန်ခံတွေကို မှာခဲ့ပေမယ့် တရားဝင်အနေနဲ့ (ပြည်ထဲရေး)ဝန်ကြီးဌာနကို စာပို့တင်ပြသွားမှာပါ” ဟု ၎င်းက ပြောသည်။

လူ့အခွင့်အရေးကော်မရှင်အနေဖြင့် မန္တလေးတိုင်းဒေသကြီးရှိ အကျဉ်းထောင်များကို ပုံမှန်စစ်ဆေးရေးခရီး သွားရောက်ခြင်းဖြစ်ပြီး ယခင်က စစ်ဆေးခဲ့ဖူးသည့် အကျဉ်းဦးစီးဌာနလက်အောက်ရှိ ရဲဘက်ကျောက်ထုတ်စခန်းတချို့ အကြံပြုချက်အတိုင်း လိုက်နာမှုအခြေအနေကို သိစေရန် ဇူလိုင်လ ၁၀ ရက်နေ့တွင် တစ်ခါတည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဦးယုလွင်အောင်က ပြောသည်။

“ညှဉ်းပန်းနှိပ်စက်၊ အခွင့်အရေးချိုးဖောက်တာမျိုး မတွေ့ရှိရဘူး။ ကျန်းမာရေးမကောင်းတဲ့ အကျဉ်းသားတွေက မိခင်ထောင်ကို ပြန်ပြီး ဆေးကုသချင်တာမျိုးနဲ့ စားရေးသောက်ရေး အဆင်မပြေဘူးဆိုတာမျိုးတွေတော့ အကျဉ်းသားတွေ သတင်းပို့တာရှိတယ်။ ဒါတွေအတွက်တော့ ထောင်တာဝန်ခံတွေကို မှာကြားဖို့ရှိပါတယ်။ အကြံပေးတဲ့အတိုင်းလည်း လုပ်ဆောင်ထားတာတွေရှိလို့ တိုးတက်မှုရှိတယ်လို့ပဲ အကြမ်းဖျင်းပြောပါရစေ” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကော်မရှင်အနေဖြင့် ပုံမှန်အကျဉ်းထောင်စစ်ဆေးရေးခရီးစဉ်အတွင်း မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ထုံဘို(၁)၊ ထုံးဘို(၂) နှင့် ထုံးဘိုအမျိုးသမီးကျောက်ထုတ်စခန်းတို့ကို သက်ဆိုင်ရာ စခန်းအာဏာပိုင်တို့အား ကြိုတင် အသိပေးထားခြင်းမရှိဘဲ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေးကော်မရှင်အနေဖြင့် အမျိုးသမီးကျောက်ထုတ်စခန်းများကို ပိတ်သိမ်းရန် ၂၀၁၇ ခုနှစ်တွင် အကြံပြုခဲ့သလို အမျိုးသားလွှတ်တော်တွင်လည်း ထိုအကြံပြုချက်ကို ဆွေးနွေးခဲ့သော်လည်း ယခုအထိ အစိုးရအာဏာပိုင်များဘက်က မတုံ့ပြန်သေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles