အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော်အနီး ရဲဘက်စခန်းမှ ထွက်ပြေးသူများကို အပူတပြင်းလိုက်ရှာနေ

အကျဉ်းသား ၇ ဦး ထွက်ပြေးခဲ့သည့် ရဲဘက်စခန်းသည် စစ်အုပ်စုရုံးစိုက်ရာ နေပြည်တော်မှ ကားဖြင့်သွားပါက တစ်နာရီခန့်ကြာသည့် နေရာတွင် တည်ရှိသည်။

နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအနီးရှိ ကင်းသာ ၂ ရဲဘက်စခန်းမှ အကျဉ်းသား ၇ ဦး ယမန်နေ့ (အောက်တိုဘာ ၁၇) ညပိုင်းက ထွက်ပြေးသွားသဖြင့် စစ်ကောင်စီရဲနှင့် ထောင်ဝန်ထမ်းတို့က အပူတပြင်းလိုက်လံရှာဖွေနေကြသည်။

အဆိုပါရဲဘက်စခန်းသည် စစ်အုပ်စုရုံးစိုက်ရာ နေပြည်တော်မှ ကားဖြင့်သွားပါက တစ်နာရီခန့်သာ ကြာမည် ဖြစ်သည်။

နေပြည်တော် တပ်ကုန်းမြို့မှ ရှမ်းပြည်နယ် ပင်လောင်းနှင့် ဖယ်ခုံသွားရာ လမ်းပေါ်တွင် တည်ရှိသည့် ထိုရဲဘက်စခန်းအနီးတွင် စစ်ကောင်စီတင့်ကားတပ်၊ စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံ၊ စစ်ဆေးသုတေသနတပ်တို့လည်း တည်ရှိပြီး တောင်တန်းနှင့် တောအုပ် ထူထပ်သည့် နေရာလည်းဖြစ်သည်။

Myanmar Now က ရရှိထားသည့် ရဲကြေးနန်းအရ ထွက်ပြေးသွားကြသူများမှာ အသက် ၂၀ နှင့် ၃၅ နှစ်ကြား အမျိုးသားများဖြစ်ပြီး လက်ကျန်ထောင်ဒဏ် ၃ နှစ် မှ ၆ နှစ်ကျော် ကျန်ရှိကြသည်။ အမှုများမှာ လူသတ်မှု၊ မူးယစ်မှု၊ မုဒိန်းမှု၊ ခိုးမှုတို့ ဖြစ်ကြောင်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
သံခြေချင်းများဖြင့် အလုပ်လုပ်နေရသည့် မန္တလေး ထုံဘိုရဲဘက်အကျဉ်းစခန်းက အကျဉ်းသားများကို ၂၀၂၂ အတွင်းက တွေ့ရပုံ။ (ဓာတ်ပုံ – Myanmar Now)

၎င်းတို့သည် အောက်တိုဘာ ၁၇ ည ၇ နာရီခန့်က တစ်ပြိုင်နက်တည်း ထွက်ပြေးခဲ့ကြသည်ဟု ဆိုသည်။ ပြန်ဖမ်းမိရေးအတွက် စစ်ကောင်စီရဲနှင့် ထောင်ဝန်ထမ်း ၆၀ ကျော် သုံးပြီး လိုက်လံရှာဖွေနေသည်။

“ခုထိ ပြန်ဖမ်းမိတယ်တော့ မကြားမိသေးဘူး” ဟု နေပြည်တော်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက အောက်တိုဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

ကင်းသာ (၂) ကုန်ထုတ်စခန်းဟု အမည်ပေးထားသည့် ထိုရဲဘက်စခန်းသည် ထောင်သားများကို အလုပ်ကြမ်းခိုင်းစေရာ နေရာတစ်ခုဖြစ်ပြီး အကျဉ်းဦးစီးဌာနဝန်ထမ်းမိသားစုဝင်များလည်း နေထိုင်သည်။

ကင်းသာ (၂) ရဲဘက်စခန်းတည်နေရာ

ရဲဘက်စခန်းများသည် ဆိုးရွားသည့် လူ့ခွင့်အရေးချိုးဖောက်မှုများ၊ အလုပ်ကြမ်းခိုင်းစေမှုများကြောင့် နာမည်ကြီးလျက်ရှိသည်။

ကိုဗစ်ကပ်ရောဂါပြင်းထန်နေသည့် ကာလအတွင်း၌ပင် ရဲဘက်အစခန်းရှိ အကျဉ်းသားများမှာ အန္တရာယ်ရှိသည့် ကျောက်မိုင်းများတွင် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရသည်၊ အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျဉ်းသားတချို့ကို စစ်ကောင်စီက ရဲဘက်စခန်းသို့ ပို့ခဲ့သည်။

အကျဉ်းဦးစီးဌာန၏ ၂၀၁၈ အတွင်းက ထုတ်ဝေခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင်း အစီရင်ခံစာတွင် တစ်နိုင်ငံလုံးတွင် အကျဉ်းထောင် ၄၈ ခု၊ ရဲဘက်စခန်း ၄၈ ခု ရှိသည်ဟု ပါရှိသည်။ ရဲဘက်စခန်းများတွင် ၁၉၇၈ မှ ၂ဝ၁၄ အတွင်း အကျဉ်းသား ၅,ဝဝဝ ကျော် သေဆုံးခဲ့သည်ဟု ပြည်ထဲရေးဒုတိယဝန်ကြီးက ထုတ်ပြန်ခဲ့ကြောင်းလည်း ထိုအစီရင်ခံစာတွင် ပါရှိသည်။

၂၀၁၇ ဇန်နဝါရီဒုတိယပတ်က မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက် ကျောက်ထုတ်စခန်း လုပ်ငန်းခွင်တွင် တွေ့ရသော အကျဉ်းသားများ (ဓာတ်ပုံ – Myanmar Now)

ကျောက်ထုတ်လုပ်သည့် ရဲဘက်စခန်းများကို လူ့အခွင့်အရေးစံချိန်စံညွှန်းနှင့် ညီညွတ်စွာ စီမံသင့်ပြီး ထိုသို့မစီမံနိုင်လျှင် ပိတ်သိမ်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကာလ ၂၀၁၈ မေလအတွင်းက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့သော်လည်း ဖျက်သိမ်းရေးအစီအစဉ် ပေါ်ပေါက်လာခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button