အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မောင်သွေးချွန်ကို တရားစွဲမှုရုပ်သိမ်းရန် မဘသ ဖောင်ဒေးရှင်း တောင်းဆို

“အမျိုးသားရေး” စာရေးဆရာ မောင်သွေးချွန် တရားစွဲခံနေရမှုနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း(ဗဟို)က မေ ၂၇ တွင် အစိုးရကို တိုက်တွန်းလိုက်သည်။

နေရာဒေသအများအပြားတွင် ဗုဒ္ဓဘာသာနှင့် သံဃာတော်ကြီးများကို ပုတ်ခတ်စော်ကားနေသည့် ပုဂ္ဂိုလ်များ၏ ဟောပြောမှုမှာမူ အရေးယူခြင်း မခံရဟု ထိုဖောင်ဒေးရှင်းက ထုတ်ပြန်သည့် ကြေညာချက်က ဆိုသည်။

“အမျိုးသားရေး စာရေးဆရာကြီး မောင်သွေးချွန် (ခ) ဦးမြင့်စိုးအား တရားစွဲဆိုခြင်းသည် ‘လူခင် မူပြင်၊ လူမုန်း မူသုံး’ ပုံစံမျိုးသက်ရောက်နေသဖြင့် ဒီမိုကရေစီစံနှုန်းနှင့် ဆန့်ကျင်နေခြင်းကြောင့် ယင်းစွဲဆိုမှုအပေါ် ပြန်လည်စဉ်းစား သုံးသပ်ပေးရန် နိုင်ငံတော်အစိုးရအား အလေးအနက်တောင်းဆိုလိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – ဝင်းနန္ဒာ / Myanmar Now

ဧပြီ ၂၅ ရက်နေ့က မင်းကင်းမြို့နယ် ကျောက်တန်းကျေးရွာတွင် မောင်သွေးချွန်က “လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်လုံးဟာ ခရစ်ယာန်တွေဖြစ်သွားပြီ၊ ဗုဒ္ဓဘာသာတွေ အနားကပ်လို့ မရတော့ဘူး။ ကျွန်တော်တို့ တောင်းဆိုခဲ့တဲ့ မျိုးစောင့်ဥပဒေတွေ လွှတ်တော်ထဲမှာ မကြာခင် ဖျက်သိမ်းကောင်း ဖျက်သိမ်းခံရတော့မယ်။ ဒုသမ္မတတစ်ယောက်ကလည်း ခရစ်ယာန်၊ ခရစ်ယာန်တွေ ဘေးနားမှာလည်း မွတ်စလင်တွေပေါင်းပြီး ဗုဒ္ဓဘာသာကို အမြစ်ပြတ်အောင် လုပ်တော့မယ်” ဟု ဟောပြောခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုဟောပြောချက်နှင့် ပတ်သက်ပြီး မောင်သွေးချွန်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထိုမြို့နယ်တွင် တရားစွဲခံနေရသည်။

မောင်သွေးချွန်၏ ဟောပြောချက်မှာ “ယထာဘူတကျကျ အမြင်ဖွင့်” ဟောပြောချက်ဖြစ်သည်ဟု ဖောင်ဒေးရှင်းကြေညာချက်က ဆိုသည်။

စာမျက်နှာ နှစ်မျက်နှာရှိသော ကြေညာချက်တွင် မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး အများအပြားဖော်ပြထားရာ ဘာသာပေါင်းစုံအဖွဲ့၏ လုပ်ရပ်များကို ရှုတ်ချကန့်ကွက်သည်ဟူသော အချက်ကို ထိပ်ဆုံးတွင် ဖော်ပြထားသည်။ ကန့်ကွက်ရသည့်အကြောင်းရင်း သုံးခုကိုလည်း ဖော်ပြထားသည်။

အစိုးရနှင့် တပ်မတော်ကို နိုင်ငံတကာက အရေးယူရေး ကြိုးပမ်းနေသူတို့ကိုလည်း ပြင်းထန်စွာ ကန့်ကွက်ထားသည်။

တိုင်းပြည်နှင့် လူမျိုးအတွက် ကာကွယ်စောင့်ရှောက်နေသော တပ်မတော် ထိခိုက်နစ်နာအောင် ပြုလုပ်သူတို့ကိုလည်း ကန့်ကွက်သည်ဟု ကြေညာချက်က ဆိုသည်။

ဓာတ်ပုံ – ဝင်းနန္ဒာ / Myanmar Now

အင်းစိန်မြို့၊ ကျောက်တော်ကြီးဘုရားအနီး သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်ခန်းမတွင် ကျင်းပသော ဖောင်ဒေးရှင်း၏ နှစ်ပတ်လည်စုံညီပွဲသို့ တက်ရောက်သူ သံဃာများ၊ သီလရှင်များ အများအပြား တက်ရောက်ခဲ့သည်။

နှစ်ပတ်လည် စုံညီတွေ့ဆုံ သြဝါဒခံယူပွဲနှင့်အတူ ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ လှူဖွယ်ပစ္စည်းများ တွေ့ရပြီး အတိုက်အခံပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း အလှူပွဲတွင် ပါဝင်ကြောင်း တွေ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles