စစ်တပ်အာဏာသိမ်းသည်ကိုဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် အာဏာသိမ်း ၃ နှစ်ပြည့်သည့်ယနေ့တွင် အတိုက်အခံများက နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်ဆင်နွှဲနေချိန်တွင် စစ်ကောင်စီကိုထောက်ခံသူများနှင့် မဘသများက ရန်ကုန်မြို့လယ်တွင် အစဉ်အလာမပြတ် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည်။ မဘသဘုန်းကြီးများနှင့် ဟောပြောသူများအားလုံးသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီထိန်းချုပ်နယ်မြေများ မြောက်ပိုင်းမဟာမိတ်များထံ ပေးလိုက်ရခြင်းနှင့် နိုင်ငံအနှံ့စစ်ရှုံးနေသည့် စစ်တပ်အတွက် မချိတင်ကဲဖြစ်ကာ ပေါက်ကွဲခဲ့ကြသည်။
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



