အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရဲသုံးယောက်ကို သတ်၍ သိန်း ၃၀၀ ယူသည်ဆိုသော စွပ်စွဲချက်ကို ချင်း CDF ပယ်ချ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယမန်နေ့(ဩဂုတ်၂၅)က ရဲသုံးဦး ကို ပစ်သတ်ပြီး ဘဏ်မှ ငွေကျပ်သိန်း ၃၀၀ ကျော် ယူဆောင်သွားသည်ဆိုသော စစ်ကောင်စီ၏ စွပ်စွဲချက်ကို ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF)က ပယ်ချသည်။

“ကျွန်တော်တို့လက်ချက် မဟုတ်ဘူး။ ဒီလိုမျိုးလုပ်တာက ကျွန်တော်တို့ကို ဓားပြအဖွဲ့လိုမျိုး စွပ်စွဲသလို ဖြစ်တာပေါ့။ ကျွန်တော်တို့က အဲ့ဒီလိုအဖွဲ့အစည်းလည်း မဟုတ်ဘူး။ အဲဒီလိုလုပ်ရပ်လည်း မလုပ်ဘူး”ဟု CDF ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ယနေ့ပြောသည်။

သြဂုတ် ၂၅၊ နံနက် ၁၁ နာရီကျော်၌ အဆိုပါဘဏ်သို့ သာမန်ငွေထုတ်သူပုံစံဖြင့် ရောက်လာသူများက အနီးကပ်ပစ်ခတ်သဖြင့် ရဲသုံးဦး ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း၊ ထို့နောက် ဘဏ်အတွင်းသို့ သေနတ်ပစ်ဖောက်ဝင်ရောက်ပြီးနောက် ငွေကျပ် ၃၈၈ သိန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၏ လက်နက်အချို့ကို ယူဆောင်သွားကြောင်း စစ်ကောင်စီက ယနေ့(ဩဂုတ်၂၆)ထုတ် သတင်းစာများမှတဆင့် ထုတ်ပြန်ခဲ့သည်။ 

ထိုသို့ လုပ်ဆောင်သွားသူများကို CDF အကြမ်းဖက်သောင်းကျန်းသူများဟု စစ်ကောင်စီက ရည်ညွှန်းခဲ့ပြီး ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေသည်ဟု ဆိုထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မျက်မြင်တွေ့သူများ၏ ပြောပြချက်အရ ရဲသုံးဦးသေနတ်ဖြင့် ပစ်ခံရသည့် ဖြစ်စဉ်သည် အချိန်တိုအတွင်း ဖြစ်ပွားခဲ့ခြင်းသာဖြစ်၍ ဘဏ်ရှိငွေများကိုပါ ယူသွားဆိုသော စစ်ကောင်စီ၏ စွပ်စွဲချက်မှာ ယုတ္တိမရှိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

“အချိန်က အရမ်းနည်းတော့ (ဘဏ်)ထဲ ဝင်၊မဝင်ကတော့ သံသယတော့ရှိတယ်။ ငွေက သူတို့ ပြောတာလေ။ ကျပ်သိန်း ၃၀၀ ကျော်ဆိုတာ သူတို့ စာရင်းနဲ့ဖော်ပြလာတော့ ချက်ချင်းကြီးတော့ အဲဒီစာရင်းက မဖြစ်နိုင်လောက်ဘူးတော့ ကျွန်တော့်အနေနဲ့ ထင်တာပေါ့။ ဖြစ်စဉ်က အရမ်းမြန်တော့။ လေးမိနစ်၊ ငါးမိနစ်အတွင်းတော့ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည့်နေ့တွင် တီးတိန်၌ စစ်ကောင်စီက စစ်ဆေး၊ ရှာဖွေမှုအချို့ ရှိခဲ့၍ မြို့အတွင်း အသွားအလာကျဲပါးခဲ့သည်ဟုလည်း ထိုသူက ပြောသည်။ 

ယနေ့တွင်မူ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဘဏ်ကို ပိတ်ထားပြီး ဘဏ်လုပ်ငန်းကို ရဲစခန်းသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည်မှအပ မြို့တွင်းအခြေအနေမှာ ပုံမှန်အတိုင်းပြန်ဖြစ်နေပြီဟု အထက်ပါ မြို့ခံကပင် ဆက်ပြောသည်။ 

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသည့် ပြည်သူများကို စစ်တပ်က ရက်စက်စွာ ဖြိုခွင်းပြီးနောက်တွင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များ၌ ဒေသကာကွယ်ရေးအဖွဲ့ (PDF) ဖွဲ့ကာ ဧပြီလအတွင်းမှစ၍ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်မှုများ ပြုလုပ်နေကြသည်။

ဟားခါး၊ မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန် အပါအဝင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် စစ်ကောင်စီနှင့် ဒေသအလိုက် PDF တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေပြီး ဒေသခံများမှာ ရိုးရာလက်လုပ်တူမီးသေနတ်ကိုသာ အားထားနေရသော်လည်း နယ်မြေကျွမ်းကျင်မှုကြောင့် စစ်ကောင်စီတပ်များ အထိနာလျက်ရှိသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button