အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အသုတ်မြို့တွင် NLD ပါတီနှင့် ဆက်စပ်သူ ၅ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ဆက်စပ်သူ ၅ ဦးကို ညအချိန်၌ အင်အားအလုံးအရင်းဖြင့် နေအိမ်များတွင် ဝင်ဖမ်းသွားကြောင်း ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဩဂုတ် ၁၈ တွင် အမာခံပါတီဝင် ကိုအောင်လင်းနှင့် ကိုချစ်ကို၊ ဩဂုတ် ၁၉ တွင် အမှတ် (၄) ရပ်ကွက်၊ NLD ရပ်ကျေးဥက္ကဋ္ဌ ကိုအောင်ကိုမြတ်၊ အမှတ် (၃) ရပ်ကွက် NLD ရပ်ကျေးအတွင်းရေးမှူး ကိုမှတ်ကျောက်နှင့် တစ်ဦး အဖမ်းခံရသည်ဟု သိရသည်။

“တစ်နေ့ညက အမှတ် (၂) ရပ်ကွက်က NLD အမာခံနှစ်ဦး အဖမ်းခံရတယ်။ မနေ့က အမှတ် (၄) ရပ်ကွက်ဥက္ကဋ္ဌ၊ အမှတ် (၃) ရပ်ကွက်အတွင်းရေးမှူးနဲ့ နောက်တစ်ဦးကို စစ်ကောင်စီ တပ်အင်အား ၅၀ နဲ့ ဝင်ဖမ်းသွားတယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဩဂုတ် ၁၈ တွင် အသုတ်မြို့မှ စစ်တပ်သတင်းပေး (ဒလန်) ဟု နာမည်ကြီးသူ ကိုဝင်းနိုင်ဦးဆိုသူ နေအိမ်ရှေ့ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ထိုဒေသတွင် အဖမ်းအဆီး ဆက်တိုက်ဖြစ်ပေါ်လာသည်။ 

အွန်လိုင်းပေါ်တွင် ပြန့်နှံ့နေသော ရုပ်သံဖိုင်တစ်ခုတွင် ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်သော ကိုဝင်းနိုင်ဦး နေအိမ်ရှေ့ ရှိနေစဉ် အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး အနီးကပ်ပစ်သတ်သွားခြင်း ဖြစ်သည်။ ၎င်းကို ဒလန်ဟု ပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now က အတည်မပြုနိုင်သေးပေ။ 

စစ်တပ်က အင်အားတိုးချ၍ စောင့်ကြည့်စစ်ဆေးနေသည့် ထိုဒေသတွင် ဧည့်စာရင်းလည်း စစ်နေသည်ဟု မြို့ခံများထံမှ သိရသည်။

“အဓိက NLD ပါတီဝင်တွေရဲ့ အိမ်တွေကို ပစ်မှတ်ထားပြီး စစ်ဆေးတာတွေ လုပ်နေတယ်။ ဒလန်အသတ်ခံရပြီးတဲ့နောက် မြို့မှာ အင်အား ၁၀၀ လောက်နဲ့ စောင့်နေပြီး စစ်ဆေးတာတွေ လုပ်နေတယ်” ဟု NLD နှင့် နီးစပ်သူ အမျိုးသားက ဆိုသည်။

NLD ပါတီ ထောက်ခံမှုအားကောင်းသည့် ဧရာဝတီတိုင်းအတွင်း ဒလန်ဟု ယူဆကာ ရှင်းလင်းမှုသည် အသုတ်မြို့တွင် ပထမဆုံးဖြစ်သည်။ 

ပြီးခဲ့သည့်လပိုင်းအတွင်း အသုတ်မြို့တွင် ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုအချိန်က ဖမ်းဆီး၊ စစ်ဆေးမှုမှာ ယခုလောက် မပြင်းထန်ကြောင်း မြို့ခံများထံမှ သိရသည်။

ယမန်နေ့ နေ့လယ်၌ ဖျာပုံမြို့တွင် ဒလန်ဟု နာမည်ကြီးနေသည့် ကိုအောင်ကြီး (ခ) မင်းသားကြီးဆိုသူ ကျွန်းတောလမ်းနှင့် ၉ လမ်းထောင့်မှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု ဒေသအခြေစိုက် ဧရာဝတီတိုင်းမ် အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီဝင်များ၊ နီးစပ်သူများအားလုံးကို ပစ်မှတ်ထားဖမ်းဆီးနေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button