အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးသံဃသမဂ္ဂစစ်ကြောင်းမှ ရဟန်းတစ်ပါး လမ်းပေါ်တွင် အဖမ်းခံရ

မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သံဃသမဂ္ဂစစ်ကြောင်းကို ယနေ့ (ဩဂုတ် ၁၁) ညနေ၌ အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြိုခွဲပြီး ရဟန်းတစ်ပါးကို ဖမ်းဆီးလိုက်သည်။ 

၈၄ လမ်း၊ ၃၂ နှင့် ၃၃ လမ်းကြားတွင် စစ်ကြောင်း စတင်ချီတက်လာစဉ် မိနစ်ပိုင်းခန့်အကြာ အရပ်ဝတ်စစ်ကောင်စီအင်အား ၂၀ ခန့်က ကား ၂ စီးဖြင့် ရောက်လာကြောင်း သံဃာတော်တစ်ပါးက မိန့်သည်။

“သူတို့က ကားနဲ့ တိုက်ဖမ်းဖို့ပြင်ချိန် ဦးဇင်းတို့က လူစုခွဲလိုက်လိုက်နိုင်တာ”ဟု သမဂ္ဂဆရာတော်က မိန့်သည်။

အဆိုပါ ဖြိုခွဲဖမ်းဆီးမှုကြောင့် သက်တော် ၃၅ နှစ်အရွယ် ဦးအိန္ဒြောအမည်ရှိ ရဟန်းတစ်ပါးဖမ်းဆီးခံခဲ့ရကြောင်း ဆရာတော်က ဆက်မိန့်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မန္တလေးတွင် အာဏာသိမ်းစစ်ကောင်စီက ချီတက်ဆန္ဒပြသည့် အရပ်သားများ၊ သံဃာများကို သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ကားဖြင့် ရုတ်တရက်ဝင်တိုက်ခြင်း စသည့်အကြမ်းဖက်နည်းများသုံးကာ နှိမ်နင်းဖြိုခွင်းလေ့ရှိသည်။

ယင်းအပြင် စစ်ကောင်စီတပ်က မန္တလေးမြို့အတွင်း လမ်းများပေါ်တွင် လုံခြုံရေးအကြောင်းပြ၍ ဆိုင်ကယ်များကို ရပ်တန့်ရှာဖွေခြင်း၊ ဖုန်းများ ဖွင့်၍ စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ မကြာခဏ ပြုလုပ်နေသည်။

ညအချိန်တွင်လည်း လူနေရပ်ကွက်များအတွင်း ပစ်ခတ်ခြောက်လှန့်ခြင်း၊ ဖမ်းဆီးခြင်းများကို စစ်ကောင်စီတပ်ဖွဲ့က လုပ်ဆောင်လျက်ရှိသည်။

စစ်ကောင်စီတပ်က ၎င်းတို့ ဖမ်းဆီးသည့် ရဟန်းရှင်လူပြည်သူများကို စစ်ကြောမေးမြန်းသည့် အစောပိုင်းကာလတွင် လူမဆန်စွာ နှိပ်စက်လေ့ရှိသည်။

ယင်းသို့ စစ်ကောင်စီက နေ့မအားညမနား အကြမ်းဖက်နေသော်လည်း မန္တလေးပြည်သူတို့၏ စစ်အာဏာရှင်လှုပ်ရှားမှုက ဆက်ရှိနေဆဲဖြစ်သည်။

“မတရားအဓမ္မနည်းနဲ့ အုပ်ချုပ်နေလို့ ဦးဇင်းတို့က ကန့်ကွက်နေရတာ။ ခုလို အကြမ်းဖက်လို့လည်း နောက်ဆုတ်သွားဖို့မရှိပါဘူး”ဟု အထက်ပါ သံဃသမဂ္ဂမှ ဆရာတော်က မိန့်ကြားသည်။

စစ်အာဏာသိမ်းသည့် အချိန်မှစ၍ သံဃသမဂ္ဂမှ နေ့စဉ် ဆန္ဒပြလာသည်မှာ ယနေ့ ၁၈၄ ရက်မြောက်ရှိနေပြီ ဖြစ်သည်။ 

ဒေါင်းစစ်သည်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ၊ ပညာရေးသပိတ်စစ်ကြောင်း၊ အလုပ်သမားလယ်သမားစစ်ကြောင်း၊ မန္တလေးတက္ကသိုလ်သပိတ်စစ်ကြောင်း၊ ဘုရားကြီးစစ်ကြောင်း၊ အထက(၇)ကျောင်းသားများစစ်ကြောင်း၊ စိန်ပန်းစစ်ကြောင်းတို့နှင့်အတူ သံဃသမဂ္ဂစစ်ကြောင်းလည်း ပူးပေါင်း၍ တပ်ပေါင်းစုဆန္ဒပြစစ်ကြောင်းအဖြစ် ဆန္ဒပြနေကြသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button