အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြည်သူ့ဘဏ္ဍာအသုံးပြုမှု စောင့်ကြည့်ရန် ဒေါ်ညိုညိုသင်း တိုက်တွန်း

ရန်ကုန် – ပြည်သူ့ဘဏ္ဍာ အသုံးပြုရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတို့ကို ဖိအားပေး၊ တွန်းအားပေး၊ ပညာပေး၊ စည်းရုံး၊ လက်တွဲခေါ်သည့်အခါ ဝိုင်းဝန်းလုပ်ဆောင်ရန် လိုအပ်ကြောင်း ရန်ကုန်မှ ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဒေါ်ညိုညိုသင်းက သြဂုတ် ၁၁ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ ယုဒဿာန်ရိပ်သာတွင် ၂ ရက်ကြာ ပြုလုပ်သည့် ပွင့်လင်းပါစေ ဘဏ္ဍာငွေ၊ ချမ်းသာကြွယ်ဝ ပြည်သူ့ဘဝ ဟု အမည်ပေးထားသော ကာတွန်းပြပွဲ ဖွင့်လှစ်သည့် အခမ်းအနားတွင် ဒေါ်ညိုညိုသင်းက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“(ပြည်သူ့ဘဏ္ဍာကို) မှန်မှန်ကန်ကန် အသုံးပြုအောင်၊ နိုင်ငံတစ်နိုင်ငံမှာ အလိုအပ်ဆုံးဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေမှာ သုံးအောင် တွန်းအားပေးဖို့ တာဝန်သည် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ချည်းပဲ မဟုတ်ပါဘူး၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြည်သူတွေ၊ အနုပညာသမားတွေ၊ အားလုံး အားလုံးရဲ့ တာဝန် ဖြစ်ပါတယ်” ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

ကာတွန်းပြပွဲ ပြုလုပ်ခြင်းကဲ့သို့သော ပညာပေးလှုပ်ရှားမှုများသည် ပြည်သူလူထုကြားထဲတွင် “ဒါဟာ ဒို့ကိစ္စ၊ ဒို့ရဲ့ပိုက်ဆံကို လူတစ်စုက အသုံးပြုနေခြင်းဟာ ဒို့ရဲ့ကိစ္စ” ဟု ပိုမို သဘောထားလာစေရန် အထောက်အကူ ဖြစ်နိုင်သည်ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေါ်ညိုညိုသင်းသည် မကြာသေးမီနှစ်များအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ငါးနှစ်ကြာ တာဝန်ယူစဉ် ပြည်သူ့ဘဏ္ဍာသုံးစွဲခွင့်ရသည့် အစိုးရအဖွဲ့၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို အထူး စောင့်ကြည့်လေ့လာ ဖိအားပေးသူအဖြစ် လူသိများသည်။

ရန်ကုန်တွင် ပြုလုပ်ခဲ့သော ပွင့်လင်းပါစေ ဘဏ္ဍာငွေ ကာတွန်းစုစည်းခင်းကျင်းမှုသည် နယ်လှည့်နေသော ပြပွဲအမျိုးအစား ဖြစ်ကြောင်း သိရသည်။

စာရင်းစစ်

ဌာနဆိုင်ရာတို့ကို စောင့်ကြည့်သည့် ယန္တရားများထဲတွင် စာရင်းစစ်ချုပ်ရုံးလည်း ပါဝင်သည်။

အစိုးရအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု နိုင်ငံနှင့် ပြည်သူအတွက် မည်မျှ အကျိုးသက်ရောက်မှုရှိကြောင်း စိစစ်သုံးသပ်နိုင်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စစ်ဆေး အစီရင်ခံလျက်ရှိကြောင်း မတ်လလယ်ပိုင်းက ထုတ်ပြန်သည့် အစိုးရပြန်ကြားရေးဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ဝန်ထမ်းအင်အား ၆,၅ဝဝ ကျော်ဖြင့် အဖွဲ့အစည်း ပေါင်း ၁၅,၂၄ဝ ကို တစ်နှစ် တစ်ကြိမ် စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

သို့သော်လည်း “ဌာနအဖွဲ့အစည်းတစ်ခုချင်းစီ၏ ဘဏ္ဍာရေး နှစ်တစ်နှစ်အတွင်း ဆောင်ရွက်သည့်လုပ်ငန်းများ၊ စာရင်းများအားလုံးကို စစ်ဆေးရန် ရရှိ သည့်အချိန်နှင့် ဝန်ထမ်းအင်အား အကန့်အသတ်တို့ကြောင့်” ရာနှုန်းပြည့် မစစ်ဆေးနိုင်ကြောင်း၊ စစ်ဆေးခံရမည့်အဖွဲ့အစည်း၏ ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုစနစ်အား လေ့လာ၍ လိုအပ်သည့် အတိုင်းအတာ ပမာဏကို ကောက်နုတ်ရွေးချယ် စစ်ဆေးရကြောင်း စာရင်းစစ်ပညာရှင်တစ်ဦးကို ကိုးကားပြီး ရေးသားထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button