အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်မြို့လယ်ရှိ YMBA ရုံးအပါအဝင် နေရာအချို့ ဗုံးခွဲတိုက်ခိုက်ခံရ

ပုဇွန်တောင်မြို့နယ်ရှိ YMBA (ဗုဒ္ဓဘာသာကလျာဏယုဝအသင်း) ရုံးအပါအဝင် ရန်ကုန်မြို့လယ်ရှိ နေရာအချို့တွင် ယနေ့ (ဩဂုတ် ၁၀) မွန်းလွဲပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရကြောင်း အခင်းဖြစ်ပွားရာအနီးတွင် နေထိုင်သူအချို့က ပြောသည်။

ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်က လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်ခံခဲ့ရပြီး လူနှင့် ပစ္စည်း ထိခိုက်မှုမရှိကြောင်း YMBA ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးတင်ထားသည်။

ထို့ပြင် YMBA ရုံးအဆောက်အအုံအနီး ဗုံးပေါက်ကွဲသံ အကျယ်ကြီးကြားခဲ့ရကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကလည်း Myanmar Now ကို ပြောသည်။

ပုဇွန်တောင်မြို့နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ၅၁ လမ်းထောင့်ရှိ ယာဉ်ထိန်းရုံးအနီးတွင်လည်း ယနေ့မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်၌ပင် ဗုံးပေါက်ကွဲဖြစ်ပွားခဲ့ကြောင်း ၅၁ လမ်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးက အတည်ပြုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရန်ကုန်မြို့လယ်တွင် ယနေ့မွန်းလွဲပိုင်းက လက်လုပ်ဗုံးငါးလုံးဖောက်ခွဲခဲ့ကြောင်း ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဦး (UGRF) အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

၎င်းတို့အဖွဲ့အနေဖြင့် ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးတွင် ဗုံးနှစ်လုံး၊ ၅၁ လမ်းရှိ ယာဉ်ထိန်းရုံးတွင် ဗုံးနှစ်လုံးနှင့် လမ်း ၅၀ ရှိ နိုင်ငံပိုင်သတင်းစာ ကြော်ငြာလက်ခံဌာနတို့တွင် တစ်လုံး ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။

အဆိုပါအဖွဲ့က အထက်ပါအတိုင်း ပြောဆိုသော်လည်း ဗုံးပေါက်ကွဲသည့်နေရာနှင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပေါက်ကွဲမှုဖြစ်စဉ်အပြီး ပုဇွန်တောင်၊ ကျောက်တံတား၊ ဗိုလ်တထောင်မြို့နယ်များတွင် စစ်သားများက လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးနေကြောင်း ဈေးသည်တစ်ဦးက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းသွားမည်ဟု ကြွေးကြော်ထားသည့် UGRF အဖွဲ့က နှစ်လတာအတွင်း စစ်ကောင်စီခန့် လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်၏ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးစီမံကိန်း၊ တာမွေမြို့နယ်ရှိ Mytel အရောင်းပြခန်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone ကေတီဗီနှင့် ရန်ကုန်မြို့အနံ့ရှိ လျှပ်စစ်မီတာကောက်ခံသော EPC နေရာများတွင် ဗုံးဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ကြေညာထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button