အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အိုးဘိုထောင်ဆန္ဒပြပွဲ ပါဝင်သူတို့ကို အကျဉ်းဦးစီး စိစစ်နေ

မန္တလေး အိုးဘိုထောင်တွင် ယမန်နေ့ (သြဂုတ် ၈) ညပိုင်း ကြွေးကြော်၊ သီချင်းဆိုရာတွင် မည်သည့် အကျဉ်းသားများ ပါဝင်သည်ကို စုံစမ်းစစ်ဆေးနေကြောင်း အကျဉ်းဦးစီးဌာနက သတင်းဌာနများကို ပြောသည်။ 

ည ၉ နာရီတွင် အကျဉ်းသား ၃၀၊ ၄၀ ခန့်က ကြွေးကြော်၊ သီချင်းဆိုမှုသည် ၅ မိနစ် ကြာသည်ဟု အကျဉ်းဦးစီးဌာန ဒုညွှန်မှူး ဦးချမ်းအေးကျော်က RFA  သတင်းဌာနကို ပြောသည်။

“ဒဏ်ရာရစရာလည်း မရှိဘူး။ တိုက်ပိတ်စရာလည်း မရှိဘူး။ ကြွေး‌ကြော်တဲ့အထဲမှာ သီချင်းဆိုတဲ့အထဲမှာ ပါဝင်တဲ့လူတွေကို ကျွန်တော်တို့က ရွေးချယ်စိစစ်တာပေါ့။ ဘယ်သူတွေလဲပေါ့။ ဒါမျိုးတွေ စိစစ်တာရှိတယ်။ ဒီလောက်ပဲရှိတယ်” ဟု ဒုညွှန်မှူးက ဆိုသည်။

အကျဉ်းဦးစီးအရာရှိတစ်ဦးကလည်း BBC သတင်းဌာနကို အလားတူ ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အပြစ်ရှိတယ်လို့ ပေါ်ပေါက်တဲ့သူကိုပဲ အကျဉ်းထောင်ဥပဒေအရ အရေးယူမှာပါ” ဟု ထိုအရာရှိက ဆိုသည်။

ယနေ့စစ်ဆေးတွေ့ရှိမှု ရလဒ်၊ ယမန်နေ့က ထောင်တွင်းမှ တရားခွေဖွင့်သံ ဆူညံစွာထွက်ပေါ်လာမှု၊ ကြွေးကြော်ခြင်း၊ သီချင်းဆိုခြင်းအတွက် အရေးယူမည့် အစီအစဉ်တို့နှင့် ပတ်သက်ပြီး Myanmar Now က ယနေ့ မေးမြန်းရန် ကြိုးစားသော်လည်း အကျဉ်းဦးစီးတာဝန်ရှိသူများက တယ်လီဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

ရှစ်လေးလုံးလူထုအရေးတော်ပုံ ၃၃ နှစ်မြောက် နှစ်လည်နေ့က အိုးဘိုအကျဉ်းထောင်မှ ဆန္ဒပြသံများထွက်ပေါ်လာပြီးနောက် တရားခွေဖွင့်သံနှင့် သေနတ်သံတချို့ကြားခဲ့ရကာ နာရီဝက်ခန့်အကြာတွင် အသံများ ပြန်တိတ်ဆိတ်သွားခဲ့ကြောင်း အိုးဘိုထောင်ဘေးရှိ ရပ်ကွက်၌ နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

” ၉ နာရီလောက်မှာ ဒို့အရေး ဒို့အရေး အော်သံတွေ စကြားရတယ်။ အဲ့ဒီအော်သံတွေ ထွက်လာပြီး မကြာဘူး။ ထောင်ထဲကနေ တရားသံတွေ ထွက်လာတယ်၊ သေနတ်သံနှစ်ချက်လည်း ကြားလိုက်ရတယ်၊ နာရီဝက်လောက်ကြာ၊ ၉ ခွဲလောက်ကျတော့ အသံတွေ အကုန်ပြန်တိတ်သွားတယ်”ဟု အဆိုပါအမျိုးသားက ၎င်းကြားရပုံကို ယမန်နေ့ညက ပြောသည်။

အလားတူပင် ယခင်လ (ဇူလိုင်၂၃) မနက်က ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရသဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသေးသည်။  

အကျဉ်းသားများသည် ဥပဒေ၏ စောင့်ရှောက်ပိုင်ခွင့်များ ဆုံးရှုံးနေရပြီး အကျဉ်းထောင်များတွင် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်ခံပိုင်ခွင့်နှင့် အခြားသောအခွင့်အရေးများ ထပ်မံဆုံးရှုံးနေရကြောင်း၊ ယင်းအတွက် ၎င်းတို့၏ ရပိုင်ခွင့်များကို တောင်းဆိုနေခြင်းသည် တရားသဖြင့်တောင်းဆိုမှုဖြစ်ကြောင်း၊ အဆိုပါတောင်းဆိုမှုများကို ဆူပူမှုအဖြစ် သတ်မှတ်ပြီး အရေးယူ၊ အကြမ်းဖက်ရိုက်နှက်ပါက အကျဉ်းထောင်အာဏာပိုင်တို့ ရာဇဝတ်မှုကျူးလွန်လိုက်ခြင်းဖြစ်မည်ဟု  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် မတရားမှုများလုပ်လို၍ ထောင်တွင်းဖြစ်ရပ်များကို ထုတ်ပြန်လေ့မရှိဟု သူက ဆက်ပြောသည်။

“သတင်းအမှောင်ချတယ်ဆိုတာ စစ်အုပ်စုက လုပ်ရိုးလုပ်စဉ်ပါ။ သတင်းအမှောင်ချတယ်ဆိုကတည်းက စစ်အုပ်စုဟာ မတရားသဖြင့် ပြုမူနေတယ်၊ အဲဒီမတရားသဖြင့်လုပ်နေတယ်ဆိုတာကို ဖုံးကွယ်ချင်တယ်ဆိုတာ ထင်ရှားနေပါတယ်။ သူတို့သာ မှန်မှန်ကန်ကန်လုပ်နေတယ်ဆိုရင် သတင်းမီဒီယာတွေကို ပိတ်ပင်နေစရာမလိုပါဘူး။ သတင်းအမှောင်ချတာ တစ်ဖက်လှည့်နဲ့ လူသတ်နေတာပဲ။ အင်မတန်ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပါ”ဟု Myanmar Now ကို ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button