အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင်သက်ကြီးပိုင်း ၁၀၀ ခန့် သောင်တင်နေ 

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝမ်ဟွေလုံကျေးရွာတွင် ခိုလှုံနေရသည့် စစ်ဘေးရှောင်များအနက် ၈၀၀ ကျော်မှာ ဇူလိုင် ၂၁ ရက်တွင် နေရပ်ပြန်ကြပြီဖြစ်သော်လည်း သက်ကြီးပိုင်း ၁၀၀ ခန့် သောင်တင်နေသည်ဟု စစ်ရှောင်အရေးကူညီနေသူနှစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစ၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကြား တိုက်ပွဲများကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုအတွင်းမှ ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးရှောင်ခဲ့ရခြင်း ဖြစ်သည်။ 

မိုင်းကိုင်မြို့နှင့် မိုင် ၂၀ ခန့်ဝေးသည့် ဝမ်ဟွေလုံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များအနက် လူငယ်များနှင့် အမျိုးသမီးများမှာ တိုက်ပွဲများ အနည်းငယ်ငြိမ်သက်သွားချိန် နေရပ်ပြန်ခဲ့ခြင်းဖြစ်ကာ သက်ကြီးပိုင်းနှင့် ကလေးငယ်များ ကျန်ရှိခဲ့သည်ဟု သိရသည်။

ဝမ်ဟွေလုံကျေးရွာအုပ်စုအတွင်းရှိ ဝမ်လဲ့ဘုန်းကြီးကျောင်း၊ နောင်လီဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတစ်ခုတွင် ကျန်ရှိနေခဲ့သည့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအတွက် အစားအသောက်၊ ဆေးဝါး၊ ကိုဗစ်နိုင်တင်းအကာအကွယ်ပစ္စည်းများ လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီနေသူနေသူတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“လိုအပ်တာတော့ တော်တော်များများလိုတယ်။ ပညာပေးတွေလည်း လုပ်ဖို့လိုသလို ဆေးဝါးနဲ့ အကာအကွယ်ပစ္စည်းတွေလည်း လိုတယ်။ အသက်ကြီးတဲ့သူတွေများတဲ့အတွက် (ကိုဗစ်)ဖြစ်ရင်တော့ မလွယ်ဘူး” ဟု တစ်ဦးက ပြောသည်။

အသက် ၆၀ နှင့် ၇၀ ဝန်းကျင်ရှိ သက်ကြီးပိုင်း စစ်ဘေးရှောင်များတွင် လေဖြတ်ထားသည့် လူနာအချို့လည်းရှိနေပြီး တစ်ခါသုံးနှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်လည်း လုံလောက်မှုမရှိကြောင်း သိရသည်။ 

မိုင်းကိုင်မြို့တွင် ကိုဗစ်နိုင်တင်း (Covid-19) အတည်ပြုလူနာ ၁၂ ဦးအထိ တွေ့ရှိထားရာ စစ်ရှောင်စခန်းသို့ လာရောက်လှူဒါန်းသူများကို စခန်းအတွင်းမဝင်ရန် ကန့်သတ်ထားရသည်ဟု စစ်ရှောင်များကို ကူညီနေသူက ဆိုသည်။

စစ်ကောင်စီ၏ ဇူလိုင် ၂၁ ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်တစ်ခုလုံးတွင် ကိုဗစ်အတည်ပြုလူနာ ၄၃၁ ဦးနှင့် သေဆုံးသူ ၁၃ ဦးရှိပြီး အမှန်တကယ်ဖြစ်ပွားသည့် အရေအတွက် ပိုမိုများပြားနိုင်သည်ဟုလည်း ဒေသခံများက ခန့်မှန်းထားသည်။ 

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် RCSS နှင့် SSPP သည် မိုင်းကိုင်မြို့နယ်အတွင်းရှိ လွယ်ဟွန်းတောင်ကြောကို ထိန်းချုပ်နိုင်ရန် အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည်။

ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ခုကြား ရှမ်းပြည်နယ်တောင်ပိုင်းတွင် လတ်တလော တိုက်ပွဲများငြိမ်သက်နေသော်လည်း ရှမ်းမြောက်ရှိ သီပေါမြို့နယ် နောင်အန်ရွာအနီးတွင် ဇူလိုင် ၂၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button