အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဗိုလ်မှူးချုပ်ဟောင်း လက်မရွံ့ခင်ရီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ

အာဏာသိမ်းစစ်တပ်က စိတ်ကြိုက် ချယ်လှယ်ကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို မတ်လ ၁၆ရက်နေ့က နေပြည်တော်မှာ စတင်လိုက်ပါတယ်။ 

စစ်တပ်အမာခံလူယုံတွေကပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တိုက်ရိုက်တာဝန်ပေးချက်နဲ့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့  ဒုတိယဥက္ကဋ္ဌ ဖြစ်လာကြတာပါ။ 

စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီက ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ဒုတိယဥက္ကဋ္ဌနေရာကိုတော့ လက်ရှိ ပြန်ကြားရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်း ရသွားပါတယ်။ 

ဦးခင်ရီဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ်ကတည်းက အာဏာပိုင်တွေ ခိုင်းသမျှ ဘယ်အရာမှ နောက်မတွန့်ဘဲ လုပ်ပေးခဲ့တဲ့သူလို့ နာမည်ကျော်ပြီး စစ်တပ်မှာ ဗိုလ်မှူးချုပ်ရာထူးနဲ့ ရဲချုပ်ဖြစ်လာခဲ့သူပါ။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှု နဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး မှာ သံဃာတွေနဲ့ ပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့နေရာမှာ အဓိက တာဝန်ရှိသူအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

သတင်း/တင်ဆက် – သဇင်လှိုင်

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles