အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စဉ့်ကူးတွင် စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီကို သတင်းပေးသူဟု နာမည်ထွက်နေသည့် ဦးအောင်မြင့်ဆိုသူမှာ ယနေ့ (ဇူလိုင် ၂) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခံရကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံအချို့က အတည်ပြုသည်။

ယနေ့ နံနက် ၇နာရီခွဲခန့်က မန္တလေး-မိုးကုတ်ကားလမ်းပေါ်၊ နွယ်ရုံကျေးရွာရှိ ကွမ်းယာဆိုင်တစ်ခု၌ ရှိနေစဉ် ဦးအောင်မြင့်ကို ဆိုင်ကယ်ဖြင့် ရောက်လာသည့် လူအချို့က ပစ္စတိုဖြင့် အနီးကပ် ခြောက်ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“လုပ်တဲ့လူတွေကလည်း ပစ္စတိုရှိတယ်ဆိုမှတော့ ဒီမြို့နယ်က မဟုတ်လောက်ဘူး။ သီးသန့်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေက လုပ်တယ်လို့ ထင်ပါတယ်”ဟု စဉ့်ကူးမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

ဦးအောင်မြင့်သည် အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပြည်သူများကို စစ်ကောင်စီက ဖမ်းဆီးနိုင်ရန် ကူညီသူဖြစ်ပြီး ၎င်း၏ သတင်းပေးမှုကြောင့် နွယ်ရုံကျေးရွာဒေသခံအများအပြား ဖမ်းဆီးနှိပ်စက်ခံရသည်ဟု သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“လူငယ်တွေ အများကြီး ရှောင်ပုန်းနေကြရတယ်။ အများကြီးအဖမ်းခံရတယ်။ အဲဒီလူက ရွှေတွင်းတွေ ဖမ်းတာကအစ သတင်းပေးပြီး သူလိုက်ပါနေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီကို သတင်းပေးနေသူများဆိုသည့် စာရင်းတစ်ခု လူမှုကွန်ရက်တွင် မေလကုန်ပိုင်းက ပျံ့နှံ့ခဲ့ပြီး ယင်းစာရင်းတွင် ဦးအောင်မြင့်လည်းပါဝင်ကြောင်း ၎င်းက ပြောသည်။ 

လက်ရှိတွင် စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီက ဖမ်းဆီးမှုများတောက်လျှောက်လုပ်နေ၍ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ရပ်နားထားရသည်ဟု ဆိုသည်။ 

ဦးအောင်မြင့် လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက ရှာဖွေ၊ ဖမ်းဆီးမှုအခြေအနေ အသေးစိတ်ကိုမူ ယနေ့ မွန်းလွဲပိုင်းအထိ တိကျစွာ မသိရသေးပေ။

ငြိမ်းချမ်းစွာဆန္ဒပြသူများကို ပစ်ခတ်၊ ရိုက်နှက်၍ အကြမ်းပတမ်းဖြိုခွင်းနေသည့် စစ်ကောင်စီ၏ အန္တရာယ်ကို ရင်ဆိုင်ရန် နိုင်ငံအနှံ့ ဒေသကာကွယ်ရေးအဖွဲ့များကို ပြည်သူတို့က တောက်လျှောက်ဖွဲ့စည်းလာနေပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားနှင့် သတင်းပေးများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ နေ့စဉ် ဖြစ်ပေါ်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button