အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့မြင်ကွင်းများ

စစ်ကော်မရှင်က ဖမ်းဆီးထောင်ချထားသူ အများအပြားကို ယနေ့ (မတ်လ ၂ ရက်နေ့) တွင် လွှတ်ပေးနေရာ နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်ကော်မရှင်၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ထုတ်ပြန်ရာတွင် အကျဉ်းကျနေသူ တစ်သောင်းကျော် ပါဝင်ပြီး တည်ဆဲ ဥပဒေအရ အမှုဖွင့်တရားစွဲဆိုခံထားသူများပါဝင်သလို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နှင့် ၅၂ (က) တို့ဖြင့် ဖမ်းဆီးခံထားရသူများ အများစုပါဝင်သည်။

(ဓာတ်ပုံ- Myanmar Now)

ထောင်အသီးသီးရှိ ပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) အကျဉ်းသား၊ အကျဉ်းသူ ၇၃၃၇ ဦး ကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ယင်းအပြင် ထိုဥပဒေ ပုဒ်မများဖြင့် တရားရုံးအသီးသီးတွင် ကြားနာစစ်ဆေးဆဲ ၁၂၄၈၇ ဦး ၏ အမှုပေါင်း ၉၅၃၂ မှု ကို အမှုမှ လွှတ်ရန်နှင့် အမှုပိတ်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ အမိန့် ထုတ်ပြန်ထားသည်။

(ဓာတ်ပုံ- Myanmar Now)

ထို့အပြင် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းချက်ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ အကျဉ်းသား/အကျဉ်းသူ ၂၈၂၅ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

ယင်းအပြင် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၀ ဦးကိုလည်း ပြန်လွှတ်ပေးပြီး ပြည်နှင်ဒဏ် ပေးလိုက်သည်ဟု စစ်ကော်မရှင်၏ထုတ်ပြန်ချက်က ဆိုသည်။

(ဓာတ်ပုံ- Myanmar Now)

ပုဒ်မ ၅၀(ည)မှာ အကြမ်းအဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ခြင်း သို့မဟုတ် လက်ခံခြင်းဖြစ်ပြီး ပုဒ်မ ၅၂(က) မှာ အကြမ်းဖက် အဖွဲ့အစည်းများအား သိလျက်နှင့် ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူ ညီခြင်း ဖြစ်သည်။

ထိုအမှုဖြင့် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားအများအပြား၊ တော်လှန်ရေးအဖွဲ့များအား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးထားသူများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူများ အပါအဝင် ၎င်းတို့ကို ဆန့်ကျင်သူများအား ဖမ်းဆီးသော ပုဒ်မတစ်ခုလည်းဖြစ်သည်။

(ဓာတ်ပုံ- Myanmar Now)
(ဓာတ်ပုံ- Myanmar Now)
(ဓာတ်ပုံ- Myanmar Now)
(ဓာတ်ပုံ- Myanmar Now)
(ဓာတ်ပုံ- Myanmar Now)
(ဓာတ်ပုံ- Myanmar Now)
(ဓာတ်ပုံ- Myanmar Now)
(ဓာတ်ပုံ- Myanmar Now)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button